11 : Starting of the storm

7.7K 1.1K 69
                                    


" ဧကရီ.. မိဖုရား ဆိုးဂျူက အချိုပွဲဆက်သလာကြောင်းပါ "

စာလုံးအချို့ကို ပျင်းရိစွာ သင်ယူနေတဲ့
ထယ်ယောင်းဟာ အချိုပွဲဆိုတဲ့ အသံကို ကြားတဲ့အချိန်မှာ
မျက်လုံးတွေက ဖန်လုံးလေးလို အရောင်တောက်လာသည်။
စားပွဲပေါ်ရောက်လာတဲ့ အချိုပွဲကို
နှိုက်မြည်းခွင့်မရခင်မှာ ယုက အရင် တစ်ခုလောက်ယူပြီး
စားလိုက်သည်။ အဆိပ်ခတ်ထားမှာကို ကြိုတင် ကာကွယ်သည့် သဘောပင်။

ထယ်ယောင်းကတော့ ယု ဆီက ခွင့်ပြုချက်
ရမည့်အချိန်ကိုသာ မျှော်လင့်တကြီး စောင့်စားနေသည်...။

" စားလို့ရတယ် အဆိပ်မရှိဘူး "

ယုက ခွင့်ပြုလိုက်တာနဲ့ စုတ်တံကို ခပ်မြန်မြန်
ချထားလိုက်ကာ အချိုခဲတစ်ခုကို ကိုက်လိုက်သည်။ နူးညံ့ ချိုမြိန်သည့် အရသာက လျှာပေါ် ပျော်ဝင်သွားသည်။
ထယ်ယောင်း အရသာတွေ့သွားသဖြင့် အချိုခဲ သုံးလေးခုလောက် ဆက်တိုက်စားပစ်လိုက်သည်။
အကျိုးဆက်ကတော့ ချောင်းဆိုးလာခြင်းပင် ဖြစ်သည်။

ဂျောင်ဂု ပြန်ရောက်မလာခင်
ဆေးမျိုးစုံ သောက်သော်လည်း ချက်ချင်း မသက်သာနိုင်ပေ။
တဟွတ်ဟွတ် ဖြစ်နေတဲ့ ထယ်ယောင်းကို တွေ့တဲ့အခါ..
ဂျောင်ဂုရဲ့ ဒေါသနဲ့ ရင်ဆိုင်ရတော့သည်။
ယုကိုလည်း အဆောင်ရှေ့တွင် ဒူးထောက်ထားခိုင်းသည်။
အစေခံများကိုလည်း အမွှေးတိုင်တစ်တိုင်စာ လက်မြောက်
ထားခိုင်းသည်။

ထယ်ယောင်းကိုတော့ အတွင်းအဝတ်လေးသာ
ချန်ထားစေပြီး သူ့ပေါင်ပေါ်မှောက်နေစေလိုက်သည်။ ထို့နောက် လုံးထွက်နေသော တင်ပါးအား ဆယ်ချက်ခန့်
ဆတ်ဆတ်လေး ရိုက်ကာ အပြစ်ပေးလိုက်သည်။
ထယ်ယောင်းလေးသည် ထိုညတွင် ငိုရင်း အိပ်မောကျသွားသည်အထိ ဂျောင်ဂု အပြစ်ပေးတာကို ခံလိုက်ရလေသည်။

နောက်ဆို အချိုပွဲကို ထိရဲတော့မည် မဟုတ်ပေ။

" အရှင့်ကို မခေါ်တော့ဘူး "

နောက်တစ်မနက်ခင်းမှာတော့ ဧကရီပေါက်စလေး
ကောက်တော်မူပြီဖြစ်သည်။ ဂျောင်ဂုသည် ထယ်ယောင်း ကျန်းမာရေးကြောင့် စိတ်ပူလွန်း၍သာ အပြစ်ပေးမိခြင်း
ဖြစ်သော်လည်း ဘယ်လိုမှ အနားကပ်မခံသည့် ထယ်ယောင်းကြောင့် ထိုင်မရထမရ ဖြစ်နေသည်..။

Ultralegends Where stories live. Discover now