33 : Never not

5K 823 118
                                    

နောက်တစ်နေ့ မနက်ခင်း ထယ်ယောင်းနှိုးလာသည်နှင့်
အပြင်ထွက်လာတော့ မနေ့ညက နေရာမှာရပ်ပြီး ငေးကြည့် နေသော ယောင်းဂျွန်ကို တွေ့ရသည်။ ဘေးတိုက် မြင်ရသည့် မျက်နှာဟာ စက္ကူစလို ဖြူဖျော့နေဆဲပင်။ ယောင်းဂျွန်က
လျှို့ဝှက်ချက်တွေ သိပ်များသောလူလို့ သူခံစားရသည် ။
အရယ်အပြုံးကို တစ်ကြိမ်မှမတွေ့ရသေးပေ။ နောက်ကျောကို ကြည့်ရုံနဲ့တင် သေမိန့်ကျပြီးသား လူတစ်ယောက်က
အရာရာကို အရှူံးပေးထားသလိုမျိုး တွေ့ရသည်။

ထယ်ယောင်း မနှေးမမြန် ခြေလှမ်းတွေနဲ့ယောင်းဂျွန်အနားကို လျှောက်သွားလိုက်သည်။

" သက်သာသွားပြီလား ရာသီဥတုက အေးနေသေးတယ်
သိပ်ကြာကြာ မနေသင့်ဘူး "

" ငါ့ခန္ဓာကိုယ်က ဒီထက်လည်း မဆိုးနိုင်တော့ဘူး ထင်ပါတယ်.. မင်းက တစ်စုံတစ်ယောက်နဲ့ တူတယ် "

" ဟမ်..? "

" ငါချစ်ရတဲ့ တစ်စုံတစ်ယောက် "

အလွမ်းဓာတ်တွေ လွှမ်းမိုးနေတဲ့ ယောင်းဂျွန်အသံကြောင့်
ဂျောင်ဂု မျက်နှာက အတွေးအာရုံထဲမှာ ပေါ်လာ၏။
တစ်စက္ကန့်လေးပင် အတွေးထဲမထားချင်၍ အမြန် အာရုံလွှဲ
လိုက်သည်။ မတန်ဘူး.., အဲ့ဒီလူက သူသတိရနေဖို့
မတန်ဘူး။

" တစ်ဖက်သတ် အချစ်လား "

" မဟုတ်ပါဘူး... ချစ်ခဲ့ကြပေမယ့် ခံစားချက်ချင်း မနီးစပ်တော့တာပါပဲ "

" ထားပါတော့ နာကျင်စရာတွေ မတွေးချင်တော့ဘူး
မြို့ထဲ ခဏလောက်သွားဦးမယ် ခင်ဗျားလိုက်ချင်လား "

" တော်ပါပြီ ငါကမင်းအတွက် အလုပ်ပိုစေလိမ့်မယ် "

" လာစမ်းပါ"

သူ ယောင်းဂျွန် လက်ကိုဆွဲပြီး တောင်အောက်သို့ ဆင်းလာလိုက်သည်။ တခြားလူတွေမနိုးခင် တောင်အောက်
ရောက်နေမှဖြစ်မည်။ အဲ့လိုမှမဟုတ် ခွင့်ပြုကြမည် မဟုတ်မှန်းသိသည်။ ယောင်းဂျွန်ရဲ့ ကျန်းမာရေးကြောင့်
ခပ်ဖြည်းဖြည်းသာ လျှောက်ရသည်။ မြို့ထဲမဝင်ခင်ကပင်
ထယ်ယောင်း ရုပ်ပြောင်းလိုက်သည်။ ယောင်းဂျွန်ကတော့ သိပ်ကိစ္စမရှိချေ။

Ultralegends Where stories live. Discover now