Prologue

29.5K 1.5K 85
                                    

" ကြီးမြတ်လှတဲ့
ဧကရာဇ် အရှင် ~သက်တော်ရာကျော်ရှည်ပါစေ "

အမတ်တွေရဲ့ ဆုတောင်းသံဟာ ဟိန်းဟိန်းတောက်နေတဲ့
နန်းရင်ပြင်ကြီးတစ်ခွင်မှာ ကျယ်လောင်စွာ အုပ်စိုးသွားသည်။
နိုင်ငံကြီးသုံးနိုင်ငံကို တိုက်ယူနိုင်ခဲ့ပြီး ဧကရာဇ်အဖြစ် ခံယူခဲ့တဲ့ ဂျွန်ဂျောင်ဂု၏ မျက်နှာထက်တွင် မပြောင်းလဲသော
ရက်စက်ခြင်းအငွေ့အသက်များက ဖုံးလွှမ်းနေဆဲ...။

မိဖုရားခေါင်မပါဘဲ ဧကရာဇ်အဖြစ် နန်းတက်ခဲ့တဲ့ အရှင်ဂျွန်
ဟာ သမိုင်းတစ်လျှောက်တွင်.. ပထမဆုံး ဘုရင်ဖြစ်ခဲ့သည်။
သို့ပေမယ့် အမတ်တွေကတော့ ဦးခေါင်းမနှမြောသည်ထင်၏။
သမီးပျိုမိန်းမလှလေးများမှာတော့ ကိုယ်လုပ်တော်အဆောင်
လောက်နှင့်သာ ကျေနပ်လိုက်ရစမြဲ။

အရှင်ဂျွန်ရဲ့ ဒေါသဟာ အတိုင်းအဆမရှိတာမို့
ထို့ထက် အတွန့်မတက်ရဲကြပေ။ ဤအရှင်က... လူတစ်ယောက် အသက်ကို ငှက်တစ်ကောင်လောက်ပင်
မနှာမြောတတ်တာမို့။

အရှင်ဂျွန်ဟာ ရက်စက်ပေမယ့် သူ့အရိပ်အောက်၌ ခိုလှုံချင်သူ
ပေါများသည်။ ဆုပေးဒဏ်ပေးစနစ်ဟာ ဂျွန် အင်ပါယာကြီးအတွက် အကြီးမားဆုံး ဥပဒေတစ်ခုဖြစ်ခဲ့သည်။ မျက်လုံးတစ်လုံးအတွက်၊ မျက်လုံး
တစ်လုံး..၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း..။
ကိုဓ ဥပဒေက အရှင်ဂျွန်ရဲ့ လက်စွဲဟုဆိုရပေမည်။

" အနောက်မြောက်ဘက်ရဲ့ မြို့စား ယွန် ရဲ့
လာဘ်စားမှုမှတ်တမ်းတွေပါအရှင်.. ပြည်သူတွေရဲ့ တိုင်ကြားချက်တွေကိုပါ တင်ပြထားပါတယ် "

အရှင်ရဲ့ မျက်ဝန်းတွေဟာ ဒေါသအရောင်တောက်လို့လာသည်။ သို့သော် မျက်နှာအမူအရာမှာတော့ ပုံမှန်အတိုင်းပင် ပြောင်းလဲမှုမရှိ။
အမတ်ကြီးတင်ပြတဲ့ စာလွှာကို ကြမ်းပြင်ထက်သို့ ပစ်လိုက်ရင်း.. အမိန့်ချသံဟာ တိခနဲ..။

" တစ်မျိုးလုံး သတ်လိုက် "

**********

**********

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Ultralegends Where stories live. Discover now