1 : Mysterious Little Boy

15.9K 1.6K 132
                                    

ဗုံတီးသံတို့ ကျယ်လောင်စွာ ပေါ်ထွက်လာပြီးတဲ့နောက်တွင်
အမဲလိုက်ပွဲတော်ကို စတင်ကျင်းပပြီဖြစ်သည်။ ဂျွန်အင်ပါယာ
အလံတော်များက ကျက်သရေရှိလှစွာ နေရာတိုင်းလိုလို
နေရာယူထားသည်..။ အရှင်ဂျွန် ကိုယ်တိုင် ပါဝင်ဆင်နွှဲသည့်
ပွဲတော်ဖြစ်တာမို့..၊ အမတ်များ၊ စစ်သူကြီးများကပါ
မပါမနေရ အမဲလိုက်ပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

အကြီးဆုံးသားကောင်ကို အမဲလိုက်နိုင်ခဲ့တဲ့သူက
ဆုတော်ငွေများစွာ ရရှိမည်ဖြစ်ပြီး အရှင်ဂျွန်ကတော့ မပါဝင်ပေ။ အရှင်ဂျွန် ကို ယှဉ်ပြိုင်နိုင်မည့်သူ ယခုချိန်ထိ
မမွေးဖွားလာသေးသည်မို့....။

အရိပ်တပ်ဖွဲ့များက
ဧကရာဇ်၏ လုံခြုံရေးအတွက် ကြိုတင်နေရာယူထားကြပြီး
ဖြစ်သည်။ ကိုယ်ရံတော်တပ်ဖွဲ့များကပါ ကာကွယ်စောင့်ရှောက်ရန် အသီးသီးရှိနေကြပေမယ့်
ကစားပွဲ စတင်ပြီဆိုတာနဲ့ အရှင်ဂျွန်ကို အလိုလိုမျက်စပျောက်သွားစမြဲပင်။ ထူးခြားသော လေချွန်သံ
တစ်ခု မပေါ်ထွက်လာမချင်း ဧကရာဇ်၏ လုံခြုံရေးအတွက်
ပူပန်နေရန်မလိုပေ။ အရှင်ဂျွန်ကို လုပ်ကြံရဲသည့်သူကား..
ကမ္ဘာ့အတုံးဆုံးသော လူသားပင်ဖြစ်ပေလိမ့်မည်။

အမဲလိုက်ကြမည့်အုပ်စုတို့က
တောထဲသို့ အလျှိုလျှိုဝင်သွားကြလေပြီ။ ဂျောင်ဂု စီးတော်မြင်းဖြူကို.. တောစပ်တစ်နေရာတွင် ချထားခဲ့ပြီး..
တောနက်ပိုင်းထဲသို့ တဖြည်းဖြည်း ချဉ်းနင်းလာခဲ့သည်။
စိတ်လှုပ်ရှားစေမယ့် အရာတွေက တောနက်လေ ရှာဖွေတွေ့ရှိလေပဲ မဟုတ်ပါလား?

တဖြည်းဖြည်း တောနက်လာသည့်နောက် တောရိုင်းကောင်
အချို့ကို သုတ်သင်ခဲ့ပြီးဖြစ်သည်။ လက်ချောင်းများတွင်
ပေရေနေသည့် သွေးစအချို့ကို ရှင်းလင်းရန်...
ရေစပ်ရှိရာဘက်သို့ ခန့်မန်း၍ ရှာဖွေလာခဲ့သည်။
အနည်းငယ်ကြာသည့်အခါ ရေတံခွန်တစ်ခုကို တွေ့လိုက်
ရသည်။ ရေကျသံမှတစ်ပါး တိတ်ဆိတ်နေသည့်
ပတ်ဝန်းကျင်က သာယာကြည်နူးဖွယ်ရာအတိ။

မျက်နှာသစ် သန့်ရှင်းလိုက်ကာ ကျောက်ဆောင်တစ်ခုပေါ်
လှဲလျောင်း၍ အနားယူနေသည်။ မျက်စိအစုံကို
မှိတ်ထားပေမယ့် သာမန်ထက် နှိုးကြားနေသည့်
အာရုံများက အတန်ငယ်လှမ်းသည့်နေရာက ညည်းဆိုနေသည့် သီချင်းသံကို မကြားနိုင်စရာအကြောင်း
မရှိပေ...။ သီချင်းသံသည် တဖြည်းဖြည်း ပို၍
သဲကွဲစွာကြားရလာပြီး အသံပိုင်ရှင်ကား ကောင်လေးတစ်ယောက်ဟု ဂျောင်ဂုအတပ်သိလိုက်သည်။

Ultralegends Where stories live. Discover now