15 : Believe me, my Lord

6.8K 1K 85
                                    


ချင်နိုင်ငံရဲ့ မင်းသားကို ကြိုဆိုတဲ့အနေနဲ့ ဂျောင်ဂုက
ညစာစားပွဲတော် ကို ခမ်းခမ်းနားနား ပြုလုပ်ပေးသည်။
ထက်မြက်လှတဲ့ ဧကရာဇ်ရဲ့ အုပ်ချုပ်မှုအောက်မှာ သယံဇာတ တွေက အလွန်ပေါများလွန်းလှ၍ လော့ဟယ်
သယ်ဆောင်လာခဲ့သည့် ကျောက်စိမ်း ရတနာများဟာဘ
အနည်းငယ် သိမ်ငယ်ချင်သယောင်။

လိပ်ပြာတောင်ပံ အကကို ပျော့ပျောင်းစွာ ကပြ ဖျော်ဖြေနေ ကြတဲ့ အမျိုးသမီးငယ်များက လော့ဟယ် မျက်စိထဲတွင်
လုံးဝ နေရာမယူနိုင်ချေ။ အနောက်တိုင်းက ဝိုင်တို့နဲ့
ဧည့်ခံထားတာမို့ ရီဝေဝေဖြင့် ယစ်မူးလာလေ..၊ ဧကရီငယ်
ဟာ ပို၍ လှလာလေ ဖြစ်သည်။

အကြည့်စူးစူးတွေကြောင့် ထယ်ယောင်း အနေခက်လာရသည်။ ဂျောင်ဂုက သံအမတ် အချို့နဲ့
စကားကျနေတာမို့ ထိုအဖြစ်အပျက်ကို သတိမထားမိပေ။
လော့ဟယ် က ထယ်ယောင်း ရှက်ရွံ့နေလေ ပိုပြီး အတင့်ရဲလေ ဖြစ်လာ၏။ ဂျောင်ဂုမှလွဲ၍ တခြားသူထံမှ
ထိုကဲ့သို့ အကြည့်မခံရဖူးတာမို့ ထယ်ယောင်း ဒီနေရာက
အမြန်ဆုံး ထွက်ပြေးချင်လှပြီ ဖြစ်သည်။

" အရှင်.. ယောင်း နေလို့မကောင်းဘူး အရင်ပြန်နားချင်တယ်"

ဂျောင်ဂု ဝတ်ရုံစကို ဆွဲကာ တိုးတိုးတိတ်တိတ် ပြောလိုက်တော့ ဂျောင်ဂုက ခွင့်ပြုလိုက်သည်။ ထိုနေရာမှ
ဂျောင်ဂု ထွက်လာလို့ မဖြစ်သေးတာကြောင့် ထယ်ယောင်းကို တစ်ယောက်တည်း လွတ်လိုက်ရပေမယ့် စိတ်က မဖြောင့်ချေ။ သို့သော်လည်း နန်းတော်ထဲတွင် ဘယ်သူကများ
အတင့်ရဲ၍ သူ့အပိုင်ကို ထိပါးနိုင်မည်လဲ။ ထိုသို့ တွေးရင်းသာ
ဆွေးနွေးနေသည့် အကြောင်းအရာအပေါ်
အာရုံစိုက်ထားလိုက်သည်။

ယုက လူရှုပ်လျှင် မနေတတ်သည့်အပြင်.. နန်းတော်ထဲ
မွန်းကြပ်လာတာမို့ တောစပ်သို့ ခဏ အနားယူရန်
ညနေကတည်းက ထွက်သွားခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်
မွန်းလေးကပါ ခွင့်ယူထားတာကြောင့် ထယ်ယောင်း
တစ်ယောက်ထဲ အထီးကျန်သလို ခံစားနေရ၏။

အစေခံများက ထယ်ယောင်းကို သန့်စင်ပေး၍ အဝတ်လဲ ပြီးနောက် အိပ်ပျော်ဖို့သာ ကြိုးစားမိသည်။ ဘာကြောင့်မှန်း
မသိ.. သူဒီနေ့ စိတ်မပျော်ပေ။

Ultralegends Where stories live. Discover now