34 : Kill me heal me

5.3K 811 60
                                    

ထယ်ယောင်း အကျဉ်းချခံထားရပြီး သုံးရက်မြောက်ည,

လည်ပင်းပေါ်မှ အေးစက်စက် အရာတစ်ခုကြောင့် သေရည်အမူးလွန်ပြီး အိပ်ပျော်နေသည့် ဂျောင်ဂု နိုးလာရသည်။ သူဆက်တိုက်ဆိုသလို သေရည်သောက်လိုက် အိပ်ပျော်သွားလိုက်နှင့် နေ့ရက်တွေကို အဓိပ္ပာယ်မဲ့စွာ
ကုန်ဆုံးနေခြင်းဖြစ်ပြီး ပုံမှန် အသိစိတ်တို့ ကပ်မနေချေ။
နှစ်ပေါင်းများစွာ သတိရှိရှိအိပ်တတ်သည့် အကျင့်က စွဲနေတာမို့ သေရည်မူးပြီး အိပ်ပျော်နေသည့်တိုင်
နိုးထလာပြီး.. လည်ပင်းထက်က ဓားအား ခုခံလိုက်လေသည်။

တရားခံကိုကြည့်လိုက်တော့ မျက်နှာဖုံးနှင့် ယောက်ျားနှစ်ယောက်ဖြစ်ကာ နန်းဆောင်ထဲရှိ အပျိုတော်များ အစောင့်များက ကြမ်းပြင်ပေါ် အသိစိတ်မရှိဘဲ လဲကျနေကြသည်..။

" မင်းတို့က ဘယ်သူတွေလဲ! ဒီဘုရင်ရဲ့ အဆောင်ထဲကိုများ ရာရာစစ "

မျက်နှာဖုံးအုပ် ယောက်ျားနှစ်ယောက်က စူးရဲတဲ့ အကြည့်တို့နဲ့
စိုက်ကြည့်နေသည်။ ဓားကိုင်ထားသူက သူ့အနောက်ကလူကို အချက်ပြလိုက်သည့်ကာ ထိုလူသည် လက်ဟန်တစ်ချို့ကာ
ပြုလုပ်လိုက်သည့်နောက် အနီရောင် အလင်းတန်းတချို့က
ဂျောင်ဂုဆီ အရှိန်ဖြင့်ရောက်လာပြီး ဖုံးအုပ်သွားလေသည်။

မူးဝေပြီး လဲကျသွားတဲ့ ဂျောင်ဂုကို ယုရှင်း ကုတင်ပေါ် ပြန်ဆွဲတင်လိုက်သည်။ ဂျောင်ဂု မျက်နှာဟာ ချောင်ကျသွား တဲ့အပြင် နှုတ်ခမ်းမွှေးတွေပါ မရိတ်သင်ထားသောကြောင့်
ချောမောလှပါတယ်ဆိုသည့် ဧကရာဇ်ဂျွန်ဆိုတာ ယုံနိုင်စရာပင် မရှိချေ..။

ဂျောင်ဂုရဲ့ လက်ကောက်ဝတ်သွေးခုန်နှုန်းကို စမ်းကြည့်ပြီးတဲ့ အခါ ထိုက်ရန်က မျက်နှာသိပ်မကောင်းတာမို့ ယု စိုးရိမ်လာရသည်..။

" ဘာ.. ဘာဖြစ်လို့လဲ "

" မက်မွန်ဆိပ် မိထားတာ "

" ဘာရယ်!!! "

" မက်မွန်ဆိပ်ဆိုတာ... ဟိုဟာတော့ မဟုတ်ဘူးမလား"

ထိုက်ရန်ကခေါင်းငြိမ့်ကာ အသိအမှတ်ပြုလိုက်တာမို့
ယုရှင်း စိတ်တွေ ခဲဆွဲထားသည့်အလား လေးလံလာ၏။
ဘာဆက်လုပ်သင့်လဲတောင် မစဉ်းစားနိုင်တော့သည်အထိ
ထိုကိစ္စက ပမွှားလေး မဟုတ်ပါချေ။

Ultralegends Where stories live. Discover now