31 : You are safe now

4.7K 814 57
                                    

ထယ်ယောင်း အကျဉ်းချခံရပြီး ခုနစ်ရက်မြောက်နေ့ ဖြစ်သည်။ နန်းတော်ထဲတွင် အခမ်းအနားကြီးတစ်ခု ကျင်းပ မည်ဖြစ်သောကြောင့် နန်းတော်တစ်ခုလုံး ခမ်းနားစွာ ပြင်ဆင်ထားပြီး အစေခံတွေနဲ့ ရှုပ်နေပေသည်။ ဘတ်ယူရီကို ဧကရီအဖြစ် ရာထူးအာဏာ တိုးမြှင့်ပေးမည့် အခမ်းအနားပင်။
သူမ အမြဲတပ်မက်နေခဲ့ရသည့် အာဏာကို မကြာခင်
ရရှိတော့မည် ဖြစ်သည့်အတွက် ရင်ခုန်စိတ်လှုပ်ရှားလို့
နေပေသည်..။

အခမ်းအနား စတင်တော့မည် ဖြစ်သည့်အတွက် ဘတ်မိသားစုဝင်များ အပါအဝင် ဝန်ကြီး၊ အမတ် စသဖြင့်
ရာထူးကြီးပိုင်းက လူများလည်း အစုံအလင် ရောက်ရှိနေပြီ
ဖြစ်သည်။ အရှင်ဂျွန်နှင့် ဧကရီအသစ် ဘတ်ယူရီသည်
တစ်ချိန်တည်းရောက်ရှိလာပြီး ဧကရီဘွဲ့ကို ခမ်းနားစွာ
ပေးအပ်လေသည်။

" ဧကရီ အရှင်မကို ဝမ်းမြောက်ဂုဏ်ယူစွာ ကြိုဆိုပါတယ်"

ဧကရာဇ်မှလွဲ၍ တခြားသူများအားလုံး အရိုအသေပေးကြရသည်။ သူမရဲ့ ဆန္ဒတွေထဲက တစ်ခု
ပြည့်ဝသွားပြီဖြစ်သည့်အတွက် သူမမျက်နှာပေါ်က အပြုံးတွေ ကို လုံးဝ ဟန်ဆောင်ထိန်းချုပ်မထားနိုင်တော့ချေ။
အေးချမ်းသည့်အသွင်မှ မောက်မာသည့်အသွင်သို့
သိသာစွာ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်...။

** နင်က ညစ်ပေစုတ်ပြတ်နေတဲ့ အကျဉ်းထောင်ထဲမှာ
အသတ်ခံရမယ့်နေ့ကို စောင့်နေရတဲ့အချိန် ငါကတော့
အမြင့်ကို တက်လှမ်းနိုင်ပြီးပြီ ဒါက နင့်ရဲ့ ကျရှူံးခန်းပဲ ကင်မ်ထယ်ယောင်း **

မတရား ရယူထားသည့် နေရာသည် သူမအား သံသရာထိ
ပါသွားမည့် နောင်တကို ရစေနိုင်မည်ဖြစ်ကြောင်းကိုတော့
သူမ နားမလည်ပါပေ။ အပျော်ကြီးပျော်နေသည့် အတွက်
သူမ အစေခံများကို ကျောက်စိမ်းလက်ကောက် နှစ်ကွင်းစီ
ချီးမြှင့်လိုက်သေးသည်။ သူမလုပ်စရာ နှစ်ခုပဲ လိုတော့သည်။
နန်းသွေးကို ကိုယ်ဝန်ဆောင်ရရန်နှင့် မွေးဖွားပြီးချိန်တွင်
ဂျောင်ဂုကို နန်းချရန်ဖြစ်သည်။

** အချစ်ကြီးတဲ့ နင်တို့ ပြန်ဆုံတွေ့ရမှာပါ
တမလွန်မှာပေါ့ ဟင်းဟင်း **

Ultralegends Where stories live. Discover now