38 : Don't leave me

7.6K 903 31
                                    


ဖြူဖျော့နေသော ဂျောင်ဂု၏ ခန္ဓာကိုယ်ဟာ အိပ်ရာထက်
ငြိမ်သက်စွာ လှဲလျောင်းနေ၏။သေချာ အနီးကပ်စစ်ဆေးမှသာ လျှင် အသက်မျှင်းမျှင်း ရှူနေသေးသည်ကို သိရှိနိုင်သည်။
နှလုံးခုန်သံဟာလည်း သာမန်လူ ရင်ဘတ်နားကပ်ပြီး
နားထောင်လျှင် လုံးဝမကြားရနိုင်ပေ။ ဂျောင်ဂုပုံစံက
ကြွေလွင့်တော့မယ့် ပန်းတစ်ပွင့်အလား ဖြစ်နေပေသည်။

" ထယ်ယောင်း အဆင်သင့်ဖြစ်ပြီလား "

" အင်း အမြန်လုပ်ကြရအောင် "

ထိုက်ရန်က ခေါင်းငြိမ့်ပြတော့ ထယ်ယောင်း အသွင်ကို
မြေခွေးငယ်အဖြစ် ပြောင်းလဲလိုက်သည်။ အဖြူစွတ်စွတ်
နှင့် ခရမ်းရောင် အမွှေးများ လှပစွာ ရောယှက်ထားသော
အမြီးကိုးချောင်းနှင့် မြေခွေးတစ်ကောင် ဂျောင်ဂု အနားတွင်
ပေါ်လာ၏။

ထိုက်ရန်က မန္တာန်အချို့ ရွတ်ဆိုရင်း ထယ်ယောင်းအပေါ်
အနီရောင်အလင်းတန်းများ ဖုံးအုပ်သွားစေသည်။

အချိန် အတော်များများ ကြာမြင့်ပြီးနောက် ထယ်ယောင်းရဲ့
မြေခွေးခန္ဓာကိုယ်ဟာ လှဲကျသွား၏။ ထိုက်ရန် လက်ထဲ မှာတော့ ကြည်လင်တောက်ပနေတဲ့ အပြာရောင် အမြှုတေ
တစ်ခု ကျန်ရှိခဲ့လေသည်။ ယုရှင်းသည် မြေခွေးငယ်အား
အသာ ပွေ့ချီသွားရင်း ထိုအခန်းထဲမှ ထွက်ခွာသွား၏။
တစ်ခဏအတွင်း တွင် ထိုအခန်းထဲမှ ကြီးမားသော အလင်းရောင်က အခန်းအပြင်ထိ ဖြာကျလာပေတော့သည်။

.
.
.
.
.
.

ထယ်ယောင်း ပြန်သတိရလာတော့ အနားမှာထိုင်ပြီး
စကားပြောနေတဲ့ ဟိုဆော့နဲ့ လူစိမ်းတစ်ယောက်ကို တွေ့ရသည်။ ထိုလူက ဂျောင်ဂုနဲ့ အနည်းငယ် မျက်နှာပေါက်
ဆင်ကာ တည်ကြည်ခန့်ညားပြီး နွေးထွေးသော အသွင်ကို
ဆောင်၏။ သူတို့နှစ်ယောက်လုံး ထယ်ယောင်းနိုးလာတာကို
သတိမထားမိသေးဘဲ ထထိုင်လိုက်တော့မှ ထယ်ယောင်းထံ
အကြည့်တွေ ပြိုင်တူရောက်လာသည်။

" ထယ်ထယ် သက်သာရဲ့လား နာသေးလား "

ဟိုဆော့က စိုးရိမ်သည့်မျက်ဝန်းတွေနဲ့ကြည့်ရင်း ထယ်ယောင်းကို ထထိုင်ဖို့ ကူညီပေးသည်။ ထိုလူစိမ်းက တော့ ထယ်ယောင်းအား ခပ်ပြုံးပြုံးသာကြည့်ကာ အကဲခတ် နေ၏။

Ultralegends Where stories live. Discover now