30 : I'm coming back to save you

4.7K 773 71
                                    


အကျဉ်းထောင်ထဲရောက်ပြီးနောက် ပထမဆုံး လာတွေ့သူမှာ ဂျောင်ဂုဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ချေ။ ဂျောင်ဂုသည်
ထယ်ယောင်း၏ အသွင်သဏ္ဍာန်အား လှောင်ပြုံးပြုံးရင်း
သဘောကျစွာ ကြည့်ရှူနေ၏။ ထယ်ယောင်း လက်သီးဆုပ်လိုက်ရင်း ဂျောင်ဂုရှေ့သို့ သွားလိုက်သည်။
အမှောင်ခန်းထဲတွင် တစ်ခုတည်းသော မီးအလင်းရောင်က
ဂျောင်ဂုမျက်နှာပေါ် ဖြာကျနေသည့် ပုံစံက ကြည့်ကောင်းလွန်းတဲ့ ဂျောင်ဂုမျက်နှာကို အနည်းငယ်မှ
လျော့ကျမသွားစေပါ။

" အရှင်ကိုယ်တိုင်က ကျွန်တော့်အသွင်အစစ်ကို သိထားခဲ့ရက်နဲ့ ဘာလို့ ဒီလိုလုပ်နိုင်ရသလဲ ကျွန်တော်
နားမလည်နိုင်တော့ဘူး နားလည်နိုင်ဖို့လည်း မကြိုးစားတော့ဘူး... အင်း တစ်ခုတည်းပဲ
ကျွန်တော့်ကို ချစ်ခဲ့တဲ့ အရှင်က တကယ်တမ်းတော့ ဟန်ဆောင်ထားခဲ့တာလား အခုမှ အရှင့်မျက်နှာဖုံးက
ကွာကျသွားခဲ့တာလား ဆိုတာတော့ မသေခင်
သိသွားချင်သေးတယ် အဟက် "

" ဂူမီဟိုရဲ့ နှလုံးကိုစားရင် ထာဝရရှင်သန်နိုင်မယ် ဆိုတာ
ယုံတမ်းစကားမဟုတ်မှန်း ငါသိထားတယ် သားကောင်က
ကိုယ်အမဲမလိုက်ရဘဲ အရှေ့မှာပေါ်လာတော့ အလွှတ်ပေးလိုက်ရင် အမှားကြီးမှားသွားလိမ့်မယ်
အခုမှ မျက်နှာဖုံးကို ခွာချလိုက်ရတာကလည်း မင်းရဲ့ အစွမ်းတွေကို ထိန်းချုပ်နိုင်မယ့် နတ်ဆရာမကြီး ရောက်လာပြီမို့လို့ပဲ "

" ဟားဟားးးဟား "

ဂျောင်ဂုရဲ့ ဖြေရှင်းချက်ကိုကြားတော့ ထယ်ယောင်းက
ဟက်ဟက်ပက်ပက်ရယ်သည်။ သူ့ ပါးပြင်ထက် မျက်ရည်တွေက အဆက်မပြတ်ပြိုဆင်းလာပေမယ့်လည်း
ကျယ်လောင်စွာ ဆက်ပြီးရယ်မောနေဆဲ ဖြစ်သည်။

" ဒီ နှလုံး!! ဒီသောက်သုံးမကျတဲ့ နှလုံးသားတစ်ခုအတွက်
ငါ့ဘဝတစ်ခုလုံးကို ရိုက်ချိုးမယ့်သူတွေချည်းပဲ
ခင်ဗျား လိုချင်ပါတယ်လို့ တစ်ခွန်းဟ လိုက်တာနဲ့
တစ်ချက်မတွေးဘဲ ဖောက်ထုတ်ပေးမယ့်ကောင်ပါ
ဟားဟား သောက်ကျိုးနည်း သနားစရာကောင်းလိုက်တာ
ကင်မ်ထယ်ယောင်း ရာ "

ထယ်ယောင်းက ရင်ဘက်ကို လက်သီးဆုပ်နဲ့ထုရိုက်ရင်း
နာကျည်းစွာ ဆိုလေသည်။ ကြမ်းကြမ်းတမ်းတမ်းတော့
သူ မထုရိုက်ရက်ဘူး..။ အရှင် ထုတ်ယူမယ့် နှလုံးသားကို
အကောင်းအတိုင်း ပေးလိုက်ချင်သေးသည်။

Ultralegends Where stories live. Discover now