12 : Empress is not a human

7.9K 1.1K 81
                                    


မြန်မြန်ဆန်ဆန် ဖြစ်ပျက်သွားသည့် အခြေအနေတွေကြောင့်
အားလုံး ရှုပ်ထွေးကုန်ရကာ ထိတ်လန့်နေကြသည်။
အရှင်ဂျွန်သည်လည်း တင်းမာနေလျက်ရှိကာ ထယ်ယောင်းကို ပွေ့ချီလိုက်ရင်း အဆောင်တော်သို့ လျင်မြန်စွာ ခေါ်ဆောင်သွားလေသည်။ ထယ်ယောင်း၏
မျက်နှာသည်ကား တဖြည်းဖြည်း ဖြူဖျော့လာလေ၏။
ယခင်မင်းကြီးနှင့် မိဖုရားကြီး သေဆုံးစဉ်က မျက်နှာတစ်ချက်
မပျက်ယွင်းသည့်သူကား ထယ်ယောင်းကြောင့်..
ရှူပ်ထွေးနေလျက်ရှိသည်။

" အဆိပ်မိတာပါအရှင် အချိန်ကြာမှ အာနိသင်ပြတဲ့ အဆိပ်ပါ"

တော်ဝင်သမားတော်၏ အဖြေကြောင့် အရှင်ဂျွန်၏ အဆောင်တော်ထဲတွင် ရှိသမျှ လူအားလုံး တုန်လှုပ်သွားကြသည်။ ဧကရာဇ်၏ အမြတ်နိုးရဆုံးလူသားကိုမှ အတင့်ရဲစွာ မည်သူက ထိပါးရဲပါသနည်း။ ထယ်ယောင်းသည် မေ့မျောနေသည့်ကြားက အဆက်မပြတ် သွေးအန်နေကာ
နာကျင်မှုကို ပြင်းထန်စွာ ခံစားနေရသည်။

" ဖြေဆေးရှိလား "

" စိုး..စိုးရွံ့မိပါတယ်.. ဖြေဆေးမရှိတဲ့ တန်ဖိုးကြီးအဆိပ်ပါ"

ဂျောင်ဂုသည် အနီးနားက စားပွဲခုံအား ကျိုးကြေသွားသည်အထိ အားပြင်းစွာ ထိုးချလိုက်သည်။
ဘယ်သူကမှ သူ့ကို ဒီလိုကျောသွားခြင်းကို မခံရခဲ့ဖူးပေ။
မျက်နှာတွင် ခံစားချက်မပေါ်လျှင်တောင် သူ့ရင်ထဲ လောင်မြိုက်နေသည်ကိုတော့ သူတစ်ယောက်သာ သိပေလိမ့်မည်။ တော်ဝင်သမားတော်၏ ရင်ဘတ်က အင်္ကျီစအား ဆောင့်ဆွဲလိုက်တာမို့ သမားတော်သည် ဂျောင်ဂုလက်ထဲတွင် ရေနစ်နေသည့် ကြွက်တစ်ကောင်လို
ယက်ကန်ယက်ကန် ဖြစ်နေရှာသည်။

" သူ့ကိုရအောင်ကယ်! မကယ်နိုင်ရင် တစ်မျိုးလုံး သုတ်သင်မယ် "

" ခွင့်လွှတ်တော်မူပါ.. အရှင် ကျွန်တော်မျိုး မတတ်နိုင်ပါဘူး"

ပြင်းထန်နေသော ဒေါသအရှိန်နှင့်အတူ သမားတော်သည်
အမှိုက်ထုပ်လို လွှင့်ပစ်ခံလိုက်ရကာ ထိုနေရာမှာသာ ဒူးတုပ်ကာ ထိုင်နေရတော့သည်။ ဂျောင်ဂု ထယ်ယောင်းကို
သူ့ရင်ခွင်ထဲတွင်မှီစေကာ အေးစက်နေသည့် လက်ဖဝါးကို
ဆုပ်ကိုင်ထားလိုက်သည်။ ထယ်ယောင်းပါးစပ်က
ထွက်လာသည့် သွေးများက ဂျောင်ဂု၏ အင်္ကျီပေါ် စွန်းထင်းကုန်သည်။

Ultralegends Donde viven las historias. Descúbrelo ahora