14 : Something is getting near

7.6K 1K 49
                                    


အပြစ်ပေးခံလိုက်ရခြင်း၏ အကျိုးဆက်သည်ကား
ကိုယ်ခံအားနည်းနေသေးတဲ့ ထယ်ယောင်းတစ်ယောက်
အိပ်ရာထဲ သုံးရက်လောက် ထပ်ဖျားသွားရသည်။ အရှင်ပေးတဲ့ အပြစ်ဒဏ်ကိုတော့ သူတို့ နှစ်ယောက်သာလျှင်
သိပေလိမ့်မည်။ နေမကောင်းလို့ ဂျီကျနေတဲ့ ထယ်ယောင်းကို
မျက်နှာတစ်ချက် အပျက်မခံသည့် အရှင်ဂျွန်ပါလေ။

" အသက်လေးကို ဒီလောက် ယုယကျွေးမွေးထားတာကို
တစ်ညလောက်နဲ့ ဖျားရတယ်လို့ကွာ "

ဂျွန် ရဲ့ စကားကြောင့် ထယ်ယောင်း အရှက်သည်းကာ
ရင်အုပ်ကျယ်ကို လက်သီးဆုပ်လေးတွေနဲ့ ထုသည်။

" အရှင် လုပ်လိုက်တာကိုလည်း ထည့်ပြောဦးလေ "

" ကိုယ်တော့်ကို မယုံကြည်ဘဲ ဖုံးကွယ်ထားတာ ဘယ်သူလဲ
ဒါတောင် အပြစ်ပေးတာ နည်းနေသေးတယ် နေကောင်းရင် တစ်ခါ... "

" အရှင့်ကို မခေါ်တော့ဘူး "

စိတ်ဆိုးသွားဟန်ဖြင့် စောင်ကို မျက်နှာထိ ဆွဲဖုံးလိုက်ကာ
ထယ်ယောင်းတစ်ယောက် အိပ်ချင်ယောင် ဆောင်မိသည်။
အမှန်တကယ်တော့ မက်မွန်သီးသဖွယ် ဖြစ်နေတဲ့
မျက်နှာကို ဂျွန် မမြင်အောင် ဖုံးကွယ်လိုမိခြင်းသာ..။

" စိတ်ဆိုးစိတ်ကောက်ရင် အသက်တိုတတ်တယ်တဲ့ "

" မတိုပါဘူးနော် အရှင် အဘိုးကြီးဖြစ်ပြီး ပါးရေနားရေတွေ
ရှူံ့တွနေတဲ့အထိ ထယ်ထယ်လေးက အုအက်နုဖက် နေဦးမှာ"

စောင်ပုံထဲက ကတ်ကတ်လန် ရန်တွေ့နေတဲ့ မြေခွေးပေါက် လေးကို အသည်းယားစွာ ဆွဲဖက်လိုက်တော့ အတင်း
ရုန်းကန်သည်။ စောင်ကို ဆွဲခွာလိုက်ကာ လက်နှစ်ဖက်ကို
ချုပ်ထားပြီး အပေါ်က အုပ်မိုးလိုက်တော့ အရည်ကြည်လဲ့ နေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်လာတဲ့ ကောင်လေးဟာ
မြတ်နိုးဖွယ်အတိ။

" အဲ့အချိန်ကျရင် ကိုယ်တော့်ကို စွန့်ခွာသွားမှာလား "

အမြဲ စူးရှနေတတ်တဲ့ မျက်ဝန်းတွေမှာ ဝမ်းနည်းရိပ် သန်းနေလေတော့ ထယ်ယောင်း အကန်တွေ ဆက်မပြောလိုတော့ပေ။ ဂျွန်ရဲ့ မျက်ဝန်းတွေထဲ စူးစူးနစ်နစ် ပြန်ကြည့်မိရင်း ရင်ထဲက စကားတွေကိုသာ သူဆိုမိသည်။

Ultralegends Where stories live. Discover now