25 : What happened to emperor?

4.7K 767 82
                                    

ဂျောင်ဂု ရုတ်တရက် အကြောင်းပြချက်မရှိဘဲ မေ့မျောနေခဲ့တာ တစ်ပတ်ကြာပြီဖြစ်သည်။ သတင်းကို ဘယ်လောက်ဖုံးပါစေ.. ဧကရာဇ်တစ်ပါး၏ စီမံမှုမရှိဘဲ
အင်ပါယာတစ်ခုလုံး မသိမသာ ဖရိုဖရဲနိုင်လာသည်။ ထယ်ယောင်း ကိုယ်တိုင်လည်း နေ့မအိပ်ညမအိပ် ဂျောင်ဂု သတိရလာစေရန် ကြိုးပမ်းနေခဲ့ကာ စိတ်ပန်းကိုယ်ပန်း
ဖြစ်နေလေသည်။ သူတတ်မြောက်ထားတဲ့ မှော်ပညာတွေ ဟာလည်း တစ်ခုမှ အလုပ်မဖြစ်ပေ။ တစ်ကြိမ်တစ်ခါမှ
ဂျောင်ဂုကို ထိုအခြေအနေမျိုးနဲ့ မမြင်တွေ့ခဲ့ရဖူးတာကြောင့်
ရင်ဘတ်ထဲက အပူလုံးကြီးက လျော့ကျမသွားဘဲ ပို၍
ပြင်းထန်လာဆဲပင်ဖြစ်သည်။

အထိန်းတော်ကြီးက ယခင်နေ့တွေကလို အချိန်မှာပဲ
ရေဇလုံတစ်လုံးနဲ့ ပဝါတစ်ထည်ကို ယူလာ၍ ထယ်ယောင်း အနားတွင် ချပေးသည်။ ခပ်နွေးနွေး ဖြစ်နေသော ရေထဲ ပဝါကိုစိမ်ကာ ရေညှစ်ချလိုက်သည်။ ထို့နောက် အမာရွတ် တချို့နှင့် အသားမာ အနည်းငယ် ရှိနေသော လက်ချောင်းတွေကို တယုတယ သုတ်ကာ သန့်စင်သည်။
မေ့မျောနေသော်လည်း ဂျောင်ဂု၏ မျက်နှာတွင် မာန်အပြည့် ရှိနေဆဲပင်ဖြစ်သည်။ နှုတ်ခမ်းတစ်စုံကတော့ ဖြူဖျော့နေလျက်ပင်...။

မျက်နှာကို ရေစိုပဝါနှင့် ခပ်ဖွဖွထိတွေ့ရင်း မျက်ရည်အချို့က
မျက်ခမ်းစပ်တွင် ရစ်ဝဲလာ၏။

" ကျွန်တော်ဘယ်လိုလုပ်ရမလဲ.. ဂျွန်~
ဒီလိုကြီးအိပ်မနေပါနဲ့ ကျွန်တော့်ကို မလွမ်းဘူးလားဟင်
ကျွန်တော်စိတ်ဆိုးလာရင် အရင်လိုမလိမ္မာတော့ပဲနေမှာနော်
ဂျွန်မကြိုက်တာတွေအကုန်လုပ်ပစ်မှာ အဟင့်.. အီး..
ကျွန်တော့်ကို စိတ်ဆိုးနေတာရှိလို့ တမင် အပြစ်ပေးနေတာလားဗျာ ဒီလိုလုပ်မယ့်အစား စုတ်ပြတ်သွားအောင်သာ ရိုက်လိုက်ပါ..
ဒီလို အဓိပ္ပာယ်မဲ့ အိပ်စက်မနေပါနဲ့တော့ဗျာ တောင်းပန်ပါတယ် နိုးထလာပါတော့ တောင်းပန်ပါတယ် "

ဂျောင်ဂု၏ ရင်ဘတ်ကို လက်သီးဆုပ်နဲ့ တဖွဖွထုရင်း
သူ့စိတ်ထဲ မွန်းကြပ်နေသည်ကို ဖွင့်ထုတ်မိသည်။

ဒီလိုနဲ့ ဂျွန်သာ ထာဝရအိပ်စက်နေရင် သူဘယ်လိုလုပ်ရပါ့။

Ultralegends Where stories live. Discover now