36 : Beautiful pain

5.4K 875 72
                                    


မှောင်မည်းညစ်ပေလှသော အကျဉ်းထောင်၏ တစ်နေရာ။
မိန်းမတစ်ယောက်၏ နာနာကျင်ကျင် အော်သံက အလွန်
ခြောက်ခြားဖွယ်ကောင်းလှ၏။ သူမအား သံကြိုးများနှင့်
တိုင်တစ်တိုင်တွင် လှုပ်မရအောင် တုပ်နှောင်ထားသည်။
မုတ်ဆိတ်ဗရပျစ်, ခေါင်းပြောင်ပြောင်နှင့် အကျည်းတန် လှသော အာဏာပါးကွက်သား တစ်ဦးက သူမကို မညာမတာ
ရိုက်နှက်နေသည်။

အချိန်အတန်ကြာလာသောအခါ သူမ၏ အဖြူရောင် အပြစ်သားဝတ်စုံသည် စုတ်ပြဲလာပြီးနောက် သွေးတွေနဲ့
ကြည့်မကောင်းလောက်အောင် ညစ်ထေးနေလေသည်။
အနည်းငယ် လှုပ်လျှင်ပင် အသားပဲ့မတတ် နာကျင်နေရကာ
အချို့နေရာများမှာ အသားစတွေပင် ထွက်နေပြီဖြစ်သည်။
ထိုလူမောသွားသည့်အခါ ဆားဖျော်ရည်တစ်ပုံးကို ယူ၍
သူမကိုယ်ပေါ်သို့ ပက်ဖြန်းလိုက်၏။

' အား!!!!!!!! '

မခံမရပ်နိုင်လောက်အောင် နာကျင်မှုကြောင့် သူမ မျက်ဆံ များပင် ပြူးထွက်လာပြီး လူးလွန့်ရုန်းကန်နေတော့သည်။
သို့သော် သူမ ရုန်းကန်လေ.. ပို၍ နာကျင်လေ ဖြစ်ရကာ
ကမ်းစပ်မှာ သောင်တင်နေတဲ့ ငါးတစ်ကောင်အလား မြင်တွေ့ရသည်။ ဆက်၍ သည်းမခံနိုင်တော့သောကြောင့်
ခဏအကြာတွင် သတိလစ်မေ့မျောသွားတော့သည်...။

ဒီနေ့မှ သူမအတွက် ငရဲက ပထမ တစ်ရက်သာရှိသေးသည်။

သေဒဏ်ကသာ အကောင်းဆုံးပြစ်ဒဏ်ဖြစ်ကြောင်း သူမ
နားလည်သွား၏။ နောက်ထပ် ကျော်ဖြတ်ရမည့် နေ့ရက်တွေဟာ ဒီထက် ပိုခက်ခဲလာရန်ပဲ ရှိလေသည်။

.
.
.
.
.
.
.

ဒီနေ့က လပြည့်မယ့်နေ့ဖြစ်၏။ ယခုမှ မနက်ခင်းအချိန်သာ
ရှိသေးသော်လည်း ထယ်ယောင်းစိတ်လှုပ်ရှားနေသည်ကို
အာရုံလွဲစေရန် ဘုရားကျောင်းဘေးက မြေနေရာ သေးသေးလေးကို တူးဆွပြီး ဈေးထဲက ဝယ်လာခဲ့သော
အပင်ပေါက်လေးများကို စိုက်ပျိုးနေ၏။ ဘုရားကျောင်းထဲက
မွှေးပျံ့လာတဲ့ ဟင်းရနံ့က ဗိုက်ဟောင်းလောင်းနှင့် သူ့ကို
တမင်ဆွဲဆောင်နေသည့်အလား။

ထင်မှတ်မထားရလောက်အောင် ဟင်းချက်ကောင်းတဲ့ မွန်းလေးကြောင့် သူတို့လေးယောက်လုံး ဒီရက်ပိုင်းအတွင်း
အဆီတိုးလာကြသည်။ ထိုတစ်လူစုနှင့် ဝေးရာမှာ နေထိုင် သည့် နေ့ရက်တွေဟာ အလွန်အေးချမ်းလှသည်။ ဒုက္ခပေးမယ့်လူမရှိ...၊ အပြိုင်အဆိုင်တွေမရှိဘဲ အတွဲနှစ်တွဲ ရိုကြလိုက် ရန်ဖြစ်ကြလိုက် ဖြစ်နေပုံက ပျော်ရွှင်ဖွယ်တစ်ခုပင်။ နည်းနည်းလေးတောင် သူ အထီးကျန် ဆန်တယ်လို့ မခံစားရအောင် အစ်ကိုတွေနဲ့ မွန်းလေးက
အလွန် ဂရုစိုက်ကြသည်။

Ultralegends Where stories live. Discover now