37 : The brightest moon in the sky

5.4K 845 29
                                    

ဆေးအရှိန်နဲ့ အိပ်ပျော်နေတဲ့ ဂျောင်ဂုဘေးမှာထိုင်ရင်း
သွေးတွေပေကျံနေဆဲ ဖြစ်တဲ့ လက်ချောင်းတွေကို ရေစို အဝတ်ယူပြီး ပြောင်စင်အောင် ထယ်ယောင်း စိတ်ရှည် လက်ရှည်နဲ့ ထိုင်သုတ်ပေးနေမိသည်။ ဒီလူသားနဲ့ ပတ်သက်လာလျှင် သူ့စိတ်ရော ခန္ဓာကိုယ်ပါ အလိုလို
ပျော့ညံ့လာ၏။ ဂျောင်ဂုရဲ့စိတ်နဲ့ နှလုံးသားကို သူနားလည် ခဲ့ပါလျက်... အဆုံးထိ ယုံကြည်မှု မပေးခဲ့ခြင်းကို နောင်တရမိသည်။

ဂျောင်ဂုကသာလျှင် သူ့လို တောကြိုတောင်ကြားထဲက
ကောင်ငယ်လေးကို နန်းတော်ထဲမှာ လိုလေသေးမရှိထားပြီး
လူသားတွေနဲ့ နေထိုင်တတ်လာအောင် လေ့ကျင့်ပေးခဲ့သည်။
ဝမ်လော့ဟယ် ကိစ္စနှင့် ပတ်သက်ပြီး အကြီးအကျယ်
သဝန်တိုခဲ့စဉ်ကသာ ကိုယ်ထိလက်ရောက် သူ့အပေါ်
မှားယွင်းခဲ့သည်။ တခြား အချိန်တွေမှာ အသံမာမာနဲ့ပင်
မပြောဘဲ သူ့အပေါ် သူမတူအောင် ချစ်ပေးခဲ့သည် မဟုတ်ပါလား...။

သူ့ကို သတ်ပေးဖို့ တောင်းဆိုရသည်အထိ နာကျင်နေခဲ့ရမှန်း
ထယ်ယောင်း နားလည်သွားသည့်အခါ ဖြေမဆည်နိုင်အောင် ဖြစ်ရသည်။ အရှင်သာ သူ့ဆီကို ရောက်မလာခဲ့ရင် ဒီတိုင်း
ကံတရားကို အရှူံးပေး ထွက်ခွာသွားတော့မည်တဲ့လား။
ယုရှင်းနဲ့ ဟိုဆော့က ဖြစ်ခဲ့သမျှအကြောင်းတွေကို သေချာ
နားထောင်ဖို့ တိုက်တွန်းကာ တစ်ခုချင်းရှင်းပြပြီးတော့မှ
ရှေ့ဆက်ပြီး ဘာလုပ်မယ်ဆိုတာကို စဉ်းစားခိုင်းသည်။

သူအချိန်ပိုယူလေ ဂျောင်ဂု ခံစားနေရတဲ့ နာကျင်မှုတွေက
ပိုလာမှာဖြစ်လို့.. ဂျောင်ဂုကို ကယ်တင်ဖို့ ဆန္ဒမရှိရင်လည်း
အမြန်အဆုံးသတ်ပေးလိုက်ဖို့ ယု က ဆိုသည်။

" အဟွတ် အဟွတ် "

ဂျောင်ဂုက ပြင်းထန်းစွာချောင်းဆိုရင်း နိုးလာကာ သွေးတချို့ အန်ထုတ်လိုက်ပြန်၏။ အနည်းငယ် သက်သာစေလိုငြား
ကျောပြင်ကို ပွတ်သပ်ပေးလိုက်ပြီးနောက် ဂျောင်ဂုကို
အိပ်ရာပေါ် ပြန်မလှဲစေဘဲ သူ့ရင်ဘတ်ပေါ် ခေါင်းမှီထားစေကာ ထိုင်နေစေလိုက်သည်။ ထို့နောက်
နှုတ်ခမ်းမှာ ပေကျံနေတဲ့ သွေးစအချို့ကို ဂရုတစိုက် သန့်ရှင်းပေးလိုက်သည်။

Ultralegends Where stories live. Discover now