32 : I will not forgive him

5K 801 47
                                    


ထယ်ယောင်း လွတ်မြောက်လာပြီဖြစ်တဲ့အတွက် အားလုံး
စိတ်အေးသွားကြသည်။ ကာကွယ်ရေး စနစ်ကျလွန်းတဲ့
နန်းတော်ကို ဖောက်ဝင်ရတာ ထင်သလောက် လွယ်ကူသည့်
ကိစ္စမဟုတ်တဲ့အတွက် အောင်မြင်ပြီးသွားတော့ ခြေကုန်
လက်ပန်းကျနေကြသဖြင့် မီးပုံဖိုရင်း အနားယူနေကြသည်။
ထိုက်ရန်က ဘုရားကျောင်း ပတ်ပတ်လည်ကို စည်းချထားသောကြောင့် ယင်တစ်ကောင်ပင် ဝင်ရောက်လာရန် မဖြစ်နိုင်ပါ...။

အသားကင်နှင့် ဆန်အရက်က အေးချမ်းသည့် ရာသီဥတုနှင့်
အလွန် လိုက်ဖက်ပေသည်။ ထယ်ယောင်းကတော့ ခပ်လှမ်းလှမ်းက မက်မွန်ပင်အောက်မှာ ထိုင်ရင်း မြို့တော်ကို
ဆွေးဆွေးမြေ့မြေ့ ကြည့်နေပေသည်။ မီးပုံဘေးနားက
ယောင်းဂျွန်ဟာ ဆန်အရက်ခွက်ကို ကိုင်ရင်း ထယ်ယောင်း
အနားသို့ သွားထိုင်လေသည်။

" ဒဏ်ရာတွေက သက်သာရဲ့လား "

" အင်း သက်သာပါတယ် ကျွန်တော်က လူသားမှ မဟုတ်တာ
ခင်ဗျားကရော မျက်နှာအရောင်ကဖျော့နေတုန်းပဲ
အဆင်ပြေရဲ့လား ဒဏ်ရာရထားတာ ရှိတယ်ထင်တယ် "

" ပြေပါတယ် ဒဏ်ရာမရှိပါဘူး ရောဂါဟောင်းကြောင့်ပါ"

" ယုမှာမိတ်ဆွေရှိတယ်လို့ ပြောတာမကြားဖူးခဲ့ဘူး
သူ့မှာ ကျွန်တော်မသိသေးတာတွေ အများကြီးရှိသေးတာပဲ
ပြီးတော့ ကြင်ယာတော်တစ်ပါးတောင် ဖြစ်နေသေးတယ်
ကျွန်တော် ကံကောင်းတယ်လို့ဆိုရမယ် ဘာမဟုတ်တဲ့ကောင်ကို ကာကွယ်စောင့်ရှောက်ပေး
ချစ်ပေးကြတဲ့ လူတွေက လေးစားအားကျရလောက်တဲ့
သူမျိုးတွေချည်းပဲ "

" ကိုယ်က သွေးဝေးတဲ့ ဆွေမျိုးလို့လည်း ပြောလို့ရပါတယ်"

သူတို့ကြားက လေထုဟာ အတန်ငယ် ငြိမ်သက်သွားပြန်သည်။ ယောင်းဂျွန်သည်လည်း မီးရောင်တွေနဲ့ လှပေနေတဲ့ မြို့တော်ကို ငေးကြည့်ရင်း
အတွေးပင်လယ်ထဲ မျောလွင့်နေသည်။ အနီးကပ်ကြည့်မိမှ
ယောင်းဂျွန်သည်လည်း လူချောဖြစ်သည်။ ထူးဆန်းတဲ့
အငွေ့အသက်တစ်မျိုးကို ခံစားရပေမယ့်... အန္တရာယ်
မရှိသည့် လူဆိုတာတော့ သူအလိုလို ယုံကြည်နေမိသည်။

" ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ "

" စိတ်မရှိရင် ဂျွန်.. လို့ ခေါ်ပေးမလား "

Ultralegends Where stories live. Discover now