7 : Enemy is everywhere

9.3K 1.2K 137
                                    


အပျိုတော်တစ်ယောက်က အရှင်ဂျွန်ထံမှ ခွင့်ပြုချက်ကို
သယ်ဆောင်လာပေးတော့ ဝမ်းသာစွာ အခစားဝင်လာကြတဲ့
သူမတို့နှစ်ယောက်ပင်။ ဆိုးဂျူ သူမနဲ့အတူပါလာတဲ့
ဘတ်ယူရီကို ပထုတ်ချင်လာပေမယ့် မတတ်သာပေ။
သူမကိုယ်က အကယ်၍ အရှင်ခွင့်မပြုဘဲ အပြစ်ဒဏ်ခံရပါက
သေဖော်သေဖက် ခေါ်ခဲ့တာဖြစ်သည်။ အခုလို ခွင့်ပြုတော့
သူမထက် ယူရီကိုပိုနှစ်သက်သွားမှာ စိုးရိမ်ပြန်သည်။
သူမ၏ စိတ်ယုတ်မာများက အမြဲလိုလို သူမကို ပူလောင်စေသည်။

ရှားပါးပန်းပင်တွေနဲ့ အဆောင်တော်ဆီသို့သွားရာ
ဥယျာဉ်လမ်းတစ်လျှောက်မှာ သာယာခမ်းနားလှပေသည်။
ဧကရီကို မနာလိုစိတ်များက ပို၍ကြီးမားလာသည်။
ဧကရီတစ်ပါးရဲ့ အဆောင်ယောင်က ဒီလောက်ထိ ကြီးကျယ်မှန်း သူမထင်မထားပါချေ။ အဆောင်တော်နဲ့
နီးလာလေ သူမရဲ့ မျက်နှာပေါ်က အမူအရာများက ထိန်းမနိုင်ဖြစ်လာသည်။

အဆောင်တော်အရှေ့က ကျောက်စိမ်းခုံပေါ် အနားယူနေကြတာဖြစ်ပြီး အရှင်ရဲ့ပေါင်ပေါ်တွင် ဧကရီက
နေရာယူထားလျက်ရှိသည်။ သူမရဲ့ဒေါသများက
ဝတ်ရုံအောက်က လက်ချောင်းများက တဆတ်ဆတ် တုန်စေ၏။ သူမတောင် ထိတွေ့ခွင့်မရတဲ့ မြင့်မြတ်လှတဲ့ ခန္ဓာကိုယ် ကို အတင့်ရဲတဲ့ ဧကရီက ရာရာစစ နေရာယူထားရဲသည်။

" ကျွန်တော်မျိုးမ ဂန်ဆိုးဂျူ အခစားဝင်ပါတယ် အရှင် "

" ကျွန်တော်မျိုးမ ဘတ်ယူရီ အခစားဝင်ပါတယ် အရှင် "

ဒူးထောက်၍ အရိုအသေပေးသည့် သူမတို့က
လက်တစ်ချက်သာ ထောင်ပြလိုက်ကာ ထစေသည်။ မျက်လုံးနဲ့ပင် စေ့စေ့မကြည့်ဘဲ ရင်ခွင်ထဲက ဧကရီရဲ့ ဆံနွယ်များကိုသာ တယုတယ ရှူိက်နမ်းနေသည်။
ဆိုးဂျူက သူမရဲ့ အစေခံတစ်ယောက်လက်ထဲက ယွန်းသေတ္တာငယ်ကို လွှဲပြောင်းယူကာ.. ဂျောင်ဂုထံ ဆက်သ၏။

" ဟန်နိုင်ငံက ပတ္တမြားလက်စွပ်ပါအရှင် ကျွန်တော်မျိုးမရဲ့
ဖခင်က တစ်ဆင့်ဆက်သခိုင်းလိုက်တာပါ "

" ယုန်မွှေးနဲ့လုပ်ထားတဲ့ ခြုံထည်ပါ ကျွန်တော်မျိုးမကိုယ်တိုင်
ချုပ်လုပ်ထားခြင်းဖြစ်ပါတယ် "

Ultralegends Where stories live. Discover now