HM 01

6.2K 516 48
                                    

* Unicode *
Hidden Memory

" ဒီနေ့ ကုမ္ပဏီမှာ သူဌေးလေးရောက်မယ် "

" ဟင် ဟုတ်ရဲ့လား... "

" မသိဘူးလား လက်လွှဲယူလိုက်ကတည်းက အငယ်ဆုံးသားအပိုင်လေ ... ကျောင်းတက်နေရတာမို့လို့ မဦးစီးတာတဲ့ အခုပြန်လာပြီလေ ငါတို့တော့ တကယ်သေပြီ "

" ဘာလို့လဲ "

" လက်ရှိစီအီးအိုကြီးနဲ့မတူဘူး... အခုလာမဲ့စီအီးအိုက ရေခဲလိုပဲတဲ့ ... ညီအစ်ကို လို့ပြောပေမဲ့ လုံးဝကွာတာနော် ငါဂျပန်ရုံးခွဲမှာ တာဝန်ကျတုန်းက တစ်ခါပဲတွေ့ဖူးတယ် အဲ့တုန်းက သူက ကျောင်းသားပဲရှိသေးတာတောင် ပြောသွားလိုက်တာများ လုံးဝ perfectပဲ .. စစမြင်တုန်းက‌ဆိုလေ ဟယ် ချစ်စရာလေးလို့တွေးလိုက်မိတာ ... နောက်မှ စာရွက်စာတမ်းတွေရောနေလို့ ဝန်ထမ်းတစ်ယောက်ကို သူပြောထည့်လိုက်တာလေ ... ငါပါမျက်လုံးပြူးတယ် ... "

" အဲ့ .. အဲ့လိုလူကြီးက ငါတို့စီအီးအိုအသစ်??? "

" အသစ်မဟုတ်ဘူး အစကတည်းက ဒါသူ့အပိုင်ပဲ ..သူ့အစ်ကိုကြီးက သူ့အတွက် ဒီ Jay Kay Groupကို ဝယ်ခဲ့ပေးတာလို့ပြောတယ် .. အခု ရောက်တော့မှာ လေဆိပ်ကလာနေပြီ အကြောင်းမကြားဘဲ ရုတ်တရက်ရောက်တော့မှာ.... "

" သေချာလား "

" ခိုင်လုံတဲ့ရပ်ကွက်ကသတင်းရထားတာမို့ သေချာပြင်ဆင်ထားကြ ... ပြီးတော့ သူ့အရှေ့မှာ ယောင်လို့တောင် မပြုံးနဲ့ မျက်နှာသေနဲ့ နှုတ်ဆက် ... "

ယောက်ယက်ခတ်နေကြတဲ့ ဝန်ထမ်းတွေရဲ့စကားကြောင့် ထယ်ယောင်းသက်ပြင်းချလိုက်မိသည်။ အလုပ်စဝင်တာ အခုဆို တစ်နှစ်ပြည့်ပါပြီ။ ဘယ်နေရာသွားသွား ဘာတွေလုပ်လုပ် အတိတ်ကအရိပ်ဆိုးလိုက်နေတော့ သူဘယ်နေရာမှာမှအလုပ်မရခဲ့။ တစ်နှစ်လောက် အလေလိုက်ပြီးမှ သူ့ကိုအလုပ်ကမ်းလှမ်းလာတာ Jay Kay Groupက ..။ သူခြေမချချင်ဆုံးနေရာဖြစ်ပေမဲ့ အသက်ရှင်ဖို့အတွက် အလုပ်ကအဓိကလိုသည်မို့ မျက်စိမှိတ်ကာ ဝင်လုပ်ခဲ့ရသည်။ သို့ပေမဲ့ အရင်က ဆိုးခဲ့ဖူးသမျှအကုန်ပြန်ခံရတာနဲ့တူတယ်။။အရင်ကအနိုင်ကျင့်ဖူးတဲ့ ဝန်ထမ်းတွေအကုန် သူ့ကို ပြန်အနိုင်ကျင့်ကြခြင်းပင်။ အရှုံးပေါ်တော့မယ့် KM Groupကို ဂျပန်သူဌေးတစ်ယောက်ကဝယ်ခဲ့ပြီးမှ Jay Kayလို့နာမည်ပြောင်းကာ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ Decorationပိုင်းတွေကို တာဝန်ယူခဲ့သည်။ အဲ့ဒါထက် သူ့အလုပ်ကအရင်လို ကိစ္စကြီးတွေကိုင်တွယ်ရတာ မဟုတ်ဘဲ ကြေညာဒီဇိုင်းပိုင်းကို တာဝန်ယူထားရတာဖြစ်သည်။ ကုမ္ပဏီပြင်ပလူတွေကတော့ သူ့ကို Jay Kayရဲ့နတ်သားလေးလို့ တင်စားကြပေမဲ့ ကုမ္ပဏီတွင်းမှာတော့...

Hidden Memory【 Completed 】Where stories live. Discover now