HM 15

3.1K 345 50
                                    

* Unicode *
* HM || Hidden Memory *


" ဂုဏ်ယူပါတယ် ကင်ထယ်ယောင်း ... သား ယောင်္ကျားလေးပါ "

သတိလစ်နေတဲ့ဂျောင်ကုအနားမှာရှိနေတုန်း သူနဲ့အသိ နာပ့်စ်မလေးက အသိလာပေးတော့ ညှိုးငယ်နေတဲ့စိတ်တွေ ချက်ချင်းလန်းဆန်းသွားရသည်။ ဖြတ်ကနဲ့ ဂျောင်ကုကို ဝမ်းသာအားရ သူလှည့်ကြည့်မိသည်။ မေ့မြောနေတဲ့ကောင်ငယ်လေးဟာ သူ့သွေးသားလေး လောကကြီးထဲရောက်လာတာကို သိရင် သိပ်ကိုပျော်လေမလား။ ဒါပေမဲ့ ထယ်ယောင်း အသိမပေးရက်ပါ။ အဖေနဲ့ သားကို ခွဲထားတာမျိုး မဟုတ်ပေမဲ့ သိသွားရင် နာကျင်စရာတွေ စုပုံလာမှာ စိုးရိမ်မိသည်။

ဂျောင်ကုသွေးသားလေး ဒီလောကထဲ မွေးဖွားပြီ ဆိုတဲ့အသိက သူ့နှလုံးသားကို ပီတိဖြစ်စေတော့ ထယ်ယောင်းမျက်ရည်ထွက်တဲ့အထိပြုံးမိသည်။ ထို့နောက် နာပ်စ့်ကိုပြန်လှည့်ကြည့်မိတော့ မျက်နှာက စိတ်မကောင်းဖြစ်နေဟန်။ ထို့ကြောင့် သူ့ရဲ့ဝမ်းသာခြင်းဒီဂရီတွေက ချက်ချင်း အောက်ဆုံးထိထိုးကျသွားတော့သည်။

" ယိုနာ ... ယိုနာရော ... "

" အင်း ~~ လိုက်လာပေးပါ ဆရာဝန်ပြောတာ ကိုယ်တိုင်ကြားသင့်တယ်ထင်လို့ပါ ကင်ထယ်ယောင်း "

ထိုစကားကြောင့် ဆုပ်ကိုင်ထားမိတဲ့ဂျောင်ကုလက်ကို အသာချကာ နာပ်စ့်အနောက်လိုက်သွားမိခဲ့တော့သည်။ ခွဲခန်းရှေ့ရောက်တော့ ဆရာဝန်က သူ့ကို ကလေးအထူးကြပ်မတ်ဆောင်ဆီခေါ်သွား‌တော့ သူ့ရင်ထဲ တထိတ်ထိတ်။ နောက်ဆုံး ကလေးကြပ်မတ်ဆောင်အရှေ့မှာရပ်ကာ လက်ညှိုးလေးနဲ့ ညွှန်ပြပေးသည်။

လေးထောင့်မှန်ပတ်ပတ်လည်ထဲမှာ ရှိနေတဲ့ဖြူဖြူဖွေးဖွေးအသားစိုင်လေးဟာ လူ့လောကထဲရောက်လာတာ နာရီပိုင်းပဲရှိသေးပေမဲ့ အရွယ်နဲ့မမျှတဲ့ ဝန်ထုပ်ဝန်ပိုးကြီး သယ်ဆောင်ထားရသလိုပင်။

" ဆရာ .. သား .. သားလေး ဘာဖြစ်လို့လဲဟင် .. သားလေးအခြေအနေက စိုးရိမ်ရတာလားဆရာ ... ကယ်ဖို့နည်းလမ်းမရှိတော့ဘူးလားဆရာ.. သားလေးကို တစ်ခုခုလုပ်ပါဦး "

Hidden Memory【 Completed 】Where stories live. Discover now