HM 09

3.7K 371 79
                                    

* Unicode *
* HM || Hidden Memory *

“ ဂျောင်ကု ... သွားစရာရှိနေတာလား ဘယ်သွားဖို့လဲ "

 

ညနေစားပြီးသောက်ပြီးတော့ ဧည့်ခန်းထဲထိုင်နေတဲ့ ထယ်ထယ်က သူ့ကိုမေးလာတော့ သူခေါင်းညိတ်လိုက်သည်။

" ယိုနာနဲ့သွားတွေ့မလို့ ... အမှန်က နှစ်ဖက်မိဘတွေ့ဆုံပွဲရှိတယ် ... ယိုနာတို့ဘက်ကကမ်းလှမ်းတယ်လေ ဒါပေမဲ့ ကျွန်တော်က ထယ်ထယ်နဲ့တူတူနေချင်လို့ ဖြတ်လိုက်တာ... အဲ့ဒါ ပါးနဲ့မားကဖုန်းဆက်လာလို့ ယိုနာနဲ့နှစ်ယောက်တည်း ခဏတွေ့လိုက်တဲ့ ... ကြည့်ရတာ ယိုနာ့အမတွေပြသနာရှာပြန်ပြီထင်တယ် "

ဂျောင်ကုက အေးအေးလူလူပြောပေမယ့် ယိုနာ့အပေါ်မှာအပြစ်ရှိတဲ့စိတ်က ချက်ချင်းဝင်လာသည်။ ဂျောင်ကုနဲ့ယိုနာဆက်ဆံရေးကိုသိပေမဲ့ အခု ယိုနာနဲ့ဂျောင်ကုက စေ့စပ်ထားတဲ့လူတွေလေ။

ချက်ချင်းအသံတိတ်ကာ စကားပြန်မပြောတဲ့ထယ့်ထယ့်ကြောင့် သူ ထယ်ထယ့်အနားအပြေးဝင်ထိုင်မိသည်။

" ဘာဖြစ်သွားတာလဲ ... "

" ကိုယ် အပြစ်ရှိသလို ခံစားရတယ် "

" မဟုတ်တာကို ... ကျွန်တော်တို့က မဟုတ်တာ ဘာမှမလုပ်မနေဘူးလေ ပြီးတော့ ကျွန်တော်ပြောပြမယ် ထယ်ထယ် ... ပါးနဲ့မားကလေ .... ယိုနာနဲ့ကျွန်တော့်အကြောင်းသိပါတယ် ... ရှင်းရှင်းပြောရင် ယိုနာ့ကို ကျွန်တော့်ဘေးနားအတင်းပို့နေတဲ့ အကြောင်းရင်းရော ယိုနာ့မိသားစုဘာလိုချင်နေတာလဲရောသိတယ် .. ဒီတိုင်းနေပေးရတဲ့အကြောင်းက မပြီးပြတ်သေးတဲ့လုပ်ငန်းတွေကြောင့်လေ  "

ထယ်ထယ့်လက်တွေကိုဆုပ်ကိုင်ပြီးရှင်းပြတော့ ထယ်ထယ်က သက်ပြင်းချသည်။

" ယိုနာက ကျွန်တော့်ဘေးမှာ သူငယ်ငယ်ကတည်းက တစ်ချိန်လုံးရှိခဲ့တဲ့သူငယ်ချင်းလေ... အိမ်က သူ့ကို အခုလိုအကြံနဲ့စီစဉ်တာတောင် အားကိုးတကြီးယုံပြီး ဘယ်လိုလုပ်ရမလဲ အကူအညီလာတောင်းခဲ့တာ ... အကယ်လို့ ကျွန်တော်မှ မကူရင် ယိုနာ အကြာကြီးအသက်ရှင်နိုင်မှာမဟုတ်ဘူး ...  "

“ ဘာဖြစ်လို့လဲ ဂျောင်ကု ယိုနာက ဘာဖြစ်နေလို့လဲ ”

သူ တအံ့တဩမေးတော့ ဂျောင်ကုက သက်ပြင်းငွေ့ငွေ့ချသည်။

Hidden Memory【 Completed 】Where stories live. Discover now