HM 12

3K 335 86
                                    

* Unicode *
* HM || Hidden Memory *


ဒီနေ့ တစ်လပြည့်တဲ့နေ့ ... ဆေးသောက်တာမို့ ဗိုက်အောင့်တာမျိုးမဖြစ်တော့ပေမဲ့ ဆရာဝန်မှာထားတဲ့အတိုင်း သေချာပေါက်သွားရဦးမှာလေ။

" ထယ်ထယ် မနက်ဖြန်မှသွားပါလား ကျွန်တော်လဲ လိုက်လို့ရအောင် .. ဒီနေ့က ဘွားဘွားပြန်လာမှာဆိုတော့ လုံးဝငြင်းမရလို့လေ .... နော်... မနက်ဖြန်မှ သွား ... တူတူသွားမယ်လေ နော် "

သူ့ခါးကိုဖက်ကာ ကုတင်ပေါ်မှာ ချွဲနေတဲ့ဂျောင်ကုဆံနွယ်တွေကြားလက်လေးထည့်ပြီး ဖွပစ်မိသည်။

" ဟင်အင်း ... ကိုယ် မင်းကို အကုန်ပြောပြမှာပဲလေ ... မင်းအလုပ်မင်းသွား... ကိုယ်လဲ ကိုယ့်ဟာကိုယ်သွားမယ် ... ဂျောင်ကု ... ဒါက အသေးအဖွဲကိစ္စနော်.. ဒီလောက်လေးတောင် မယုံဘူးလား "

သူပြောတော့ နှုတ်ခမ်းတွေစူကာ မျက်ဝန်းဝိုင်းဝိုင်းတွေက မကျေမနပ်ကြည့်သည်။

" စိတ်ပူလို့ပြောတဲ့ဟာကို တကယ်ပဲ လူဆိုးကောင် ... သွား ... တစ်ယောက်တည်း သွားချင်တာမလား .. သွား .. ကျွန်တော်ပေးသွားတယ် "

စိတ်ကောက်ဟန်နဲ့ ထယ်ယောင်းခါးကိုဖက်ထားတဲ့လက်တွေလွှတ်ကာ တစ်ဖက်က အဝတ်ဗီရိုထဲကအဝတ်တွေယူကာ အင်္ကျီလဲတော့သည်။ ထယ်ယောင်းပြုံးသာပြုံးလိုက်ရင်း  ဆေးမှတ်တမ်းယူကာ ဂျောင်ကုအနားသွားလိုက်သည်။ ကျောပေးထားတဲ့ကောင်ငယ်လေးရဲ့ ခပ်ထူထူဆံနွယ်တွေကို တစ်ချက်ဖိကပ်နမ်းပြီး စကားတစ်ခွန်းပြောလိုက်မိသည်။

" စောစောပြန်လာခဲ့ "

ထို့နောက် ဂျောင်ကုတုံ့ပြန်တာကို သူမစောင့်တော့ဘဲ ထွက်လာခဲ့လိုက်တော့သည်။ ဆေးရုံရောက်တော့ ဆရာဝန်ဆီ‌စစ်ဆေးပြီး အကြိတ်က ခွဲစရာမလိုတော့တာသိရတော့ စိတ်အေးသွားမိသည်။ အင်းလေ ဂျောင်ကုက သူ့ကိုဒီတလအတွင်းအရမ်းဂရုစိုက်ခဲ့တာမဟုတ်လား။  သူ ဘာမှမဖြစ်နိုင်။ သူ့ကျန်းမာရေးက ကောင်းလွန်းသည်လေ။

Hidden Memory【 Completed 】Where stories live. Discover now