HM 04

4.5K 473 40
                                    

* Unicode *
* HM || Hidden Memory *

" ဒီနေ့ကစပြီး ထယ်ယောင်းက စီအီးအိုရဲ့ Personal Assistanceအဖြစ် အလုပ်ဆင်းမှာမို့လို့ ... သူ့ကို ရိုရိုသေသေဆက်ဆံပါ ... ရှေ့လျှောက်ပြီး မင်းတို့ ကံကောင်းဖို့မျှော်လင့်တယ် "

" ဟုတ် "

အတွင်းရေးမှူးစကားကြောင့် သူ မပြုံးချင်ဘဲ ပြုံးလိုက်မိတော့ ဝန်ထမ်းတွေမျက်နှာ မဲ့သွားတာသူမြင်လိုက်သည်။


" ဘာလဲ ... ကင်ထယ်ယောင်းက ... စီအီးအိုကို ဘာလုပ်လိုက်တာလဲ"

" ရုပ်လေးနဲ့ဖမ်းစားတာဖြစ်မှာပေါ့ ... အရင်စီအီးအိုတုန်းကလဲ အဲ့လိုပဲမဟုတ်လား ... အခုလဲကြည့်လေ သူ့လည်ပင်းတွေမှာ .. "

တီးတိုးတီးတိုးအသံထွက်လာတော့ ထယ်ယောင်း စူးစိုက်ကြည့်နေလိုက်သည်။

" သိချင်လား .. စီအီးအိုကိုဘာလုပ်လိုက်လဲလို့ ... "

လက်ပိုက်ကာ ခပ်တည်တည်နဲ့မေးတော့ သူ့ကို ပြုံးပြကာ အတင်းပြေးသွားတဲ့ဝန်ထမ်းတွေ။ အတွင်းရေးမှူးကတော့ မကြားချင်ဟန်ဆောင်ထားပုံပေါ်သည်။

" အာ ~~ ထယ်ယောင်းရှီ.. ကျွန်တော် ဒီနေ့ အရေးကြီးဧည့်သည်ကြိုရမှာမို့ ... သခင်လေးအနားမှာ အမြဲနေပေးနော် ... ထယ်ယောင်းရှီကို သူခပ်ကြမ်းကြမ်းပြောပြီး မောင်းထုတ်နေရင်တောင် အနားမှာပဲ နေပေးပါ ... ထယ်ယောင်းကိုမြင်ရင် သခင်လေးက ပိုသက်သာပါတယ် "

သူနဲ့ဂျွန်ထယ့်အခြေအနေတွေကို သိတဲ့ပုံစံနဲ့ပြောနေတဲ့ အတွင်းရေးမှူးကြောင့် သူမျက်မှောင်ကြုတ်လိုက်မိသည်။

" ဂျွန်ဂျောင်ကု .. ဘာတွေဖြစ်ခဲ့တာလဲ ကျွန်တော့်ကို ပြောပြလို့ရမလား အတွင်းရေးမှူးအို "

" စိတ်မရှိပါနဲ့ ... အိမ်တော်အတွင်းက အကြောင်းကို တခြားသူတွေသိခွင့်မရှိလို့ပါ အာ ~~~ပြီးတော့ ဒီညနေ Dinnerမှာ ဌာနမှူးတွေအပြင် ထယ်ယောင်းပါ ပွဲတက်ရမှာပါ စီအီးအိုအသစ်‌ကိုကြိုဆိုတဲ့ပွဲလေ အဲ့ဒီ့အတွက် ဝတ်စုံပြင်ထားပေးပါနော် .. .. ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး ... "

Hidden Memory【 Completed 】Where stories live. Discover now