HM 10

3.2K 333 38
                                    


* HM || Hidden Memory *

သီချင်းသံအေး‌အေးလေးက သူ့နားထဲဖြတ်သန်းစီးဝင်သည်။ လေအေးတွေတိုက်ခတ်နေသည်မို့ ပြတင်းပေါက်ပိတ်ထားကာ ပြတင်းပေါက်ကနေတစ်ဆင့် မြင်နေရတဲ့အိမ်တော်ကြီးရဲ့ညာဘက်ထောင့်က မီးမလင်းတဲ့အခန်းကိုကြည့်မိသည်။ အခြေအနေချင်းခြားသွားပေမဲ့ သူ မင့်ကိုလက်မလွှတ်နိုင်ပါ။ ပိုင်ဆိုင်ဖို့မဖြစ်နိုင်တော့ပေမဲ့ အနီးဆုံးမှာနေပြီး သူစောင့်ရှောက်ပေးချင်ပါသည်။ မင့်မှာ လက်ထပ်ရမဲ့အမျိုးသမီးရှိနေတာတောင် သူ မင့်ကိုစောင့်ရှောက်ချင်သည်။ ဒါ သူ့ရင်ထဲကအမှန်တရား...။ အဲ့ဒါကြောင့်လဲ ထွက်သွားမဲ့လမ်းထက် ရင်နာနာနဲ့ ဒီလမ်းကို သူကိုယ်တိုင်ရွေးချယ်ခဲ့တာလေ။

သောက်နေကျ ဘလက်ကော်ဖီအစား ဝိုင်တစ်ခွက်ကို မော့လိုက်တော့ ပူပြင်းစွာစီးဆင်းသွားသည်။ တကယ်တော့ ဒီတလောအတွင်း မင့်ကို သူရှောင်ဖယ်နေတာဖြစ်သည်။ မာနကြီးလွန်းတဲ့ မင်က သူ့ကိုပြန်တွဲဖို့ အရိပ်အယောင်တွေပြတာတောင် သူ မသိကျေးကျွန်ပြုခဲ့မိသည်။ မင့်အနေနဲ့ စိတ်တိုလွန်းလို့ သေမတတ်ဖြစ်နေတာသိပေမဲ့ သူလဲ ရှေ့ဆက်မရဲပါ။ မင့်ကို အမြင့်ကနေ ဆွဲချနိုင်တဲ့ ဘယ်အပြုအမူမျိုးမဆို သူမလုပ်ဝံ့တော့။ အရင်ကတော့ ထူမွှန်နေတာမို့ မင်သူ့အနားရှိရင်ပြီးရောဆိုတဲ့သဘောနဲ့လုပ်ချင်တာလုပ်ခဲ့ပေမဲ့ အခုချိန်မှာတော့ မင့်ကို ငေးကြည့်ရုံနဲ့တင် သူသေပျော်ပါသည်။

ယွန်ဂီငေးနေရင်းနဲ့ ရုတ်တရက်အိမ်ငယ်လေးရဲ့တံခါးပွင့်သွားတာမို့ သူ့အကြည့်တွေ တံခါးဝဆီရောက်သွားတော့...

“ မင် ”

အဝတ်အစားတွေဖရိုဖရဲနဲ့မင်က မူးလာပုံပေါ်သည်မို့ သူခပ်မြန်မြန်ပဲ မင့်ဆီရောက်သွားတော့ မင်က သူ့ရင်ခွင်ထဲ ပြိုလဲခိုဝင်သည်။


“ မင် ….  ယွန် ... ဂီ .... !! ”

နာမည်ကိုတစ်လုံးချင်းစီခေါ်နေတဲ့ မင့်မျက်ဝန်းတွေကို ငုံ့ကြည့်မိတော့ မျက်ရည်ကြည်တွေနဲ့မင်။ သူ့ရင်ဘတ်ထဲစူးအောင့်သွားရသည်။

Hidden Memory【 Completed 】Where stories live. Discover now