HM 07

4.6K 428 67
                                    

* Unicode *
* HM || Hidden Memory *

" ကဲ ... ရောက်ပါပြီ "

ကားတံခါးဖွင့်ပေးလိုက်တော့ ဆင်းလာတဲ့ ဂျောင်ကု။ အထပ်မြင့်အဆောက်အဦးကို သူမော့ကြည့်ရင်း ထယ်ယောင်းဘက် လှည့်ကြည့်လိုက်သည်။ ရေချိုးပြီးကတည်းက ဆံပင်တွေကို ဘာမှ မသုံးထားတာမို့ နဖူးပေါ်ဝဲကျနေပုံက သိပ်လှသည်။ လေးထောင့်ဆန်ဆန်အပြုံးကိုထပ်ဖန်ဆင်းပြီး သူ့လက်ဖျားလေးကိုလာဆွဲကိုင်တော့ သူ့ရင်ထဲ ထိတ်ကနဲ့ အေးစက်တောင့်တင်းသွားသလို ရင်ခုန်နှုန်းတွေတိုးလာရသည်။ ထို့ကြောင့် ချက်ချင်း ထယ်ထယ်ကိုင်ထားတဲ့သူ့လက်ကို ပြန်ဆွဲယူတော့ မျက်နှာညှိုးသွားတဲ့ သူ့ထယ်ထယ်။ သို့ပေမဲ့ သူဝမ်းနည်းမှာစိုးလို့ ဘာမှမဖြစ်သလို အပြုံးတစ်ခုနဲ့ ဟန်ဆောင်ကာ အတူတူသွားဖို့ခေါ်ပြန်သည်။

" တူတူသွားမယ်လေ ဂျောင်ကုကီး "

နှုတ်ခမ်းပါးပါးကနေ ထွက်လာတဲ့လေသံအေးအေးကြောင့် သူ ထယ်ထယ့်ကိုစိုက်ကြည့်နေရာကနေ အကြည့်လွှဲလိုက်သည်။

" အင်း သွားမယ်လေ ထယ်ထယ် "

သူပြောတော့ ထယ်ထယ်က သူ့လက်ကို ထပ်မကိုင်တော့ဘဲ ဦးဆောင်ဝင်သွားသည်။ သူကလဲ ထယ်ထယ့်အနောက်က ထပ်ကြပ်မကွာလိုက်လာခဲ့တော့သည်။ ဓာတ်လှေကားကနေ ၈၅ထပ်ထိသွားတော့ စစတက်ချင်း လူရှင်းပေမဲ့ ၂၀ထပ်လောက်ကနေစပြီး ဝင်လာတဲ့လူတွေ။ သူ ထယ်ထယ့်ကိုစောင်းငဲ့ကြည့်သည်။ ဘာမှဖြစ်တဲ့ပုံမပေါ်ပေမဲ့ ထယ်ထယ်က လူတအားများနေတာမျိုးဆိုရင် သဘောမကျတာ သူသိသည်။ ထို့ကြောင့် ထယ်ထယ့်ကို သူ့အနောက်ပို့ကာ အရှေ့ကနေ သူကာလိုက်မိတော့ ထယ်ထယ်က သူ့ကိုတိုးတိုးလေးပြောသည်။ " ကျေးဇူးပဲ ဂျောင်ကု" တဲ့။

ဘာရယ်မဟုတ် သူပြုံးလိုက်မိသည်။ ၈၅ထပ်ရောက်တော့ ထယ်ထယ်က သူ့ကိုဦးဆောင်ခေါ်သွားသည်က “ Gray Street " Painting Cafe... ။ ကြိုတင် Bookingလုပ်ထားတဲ့နေရာကို သွားတော့ အပြင်က Sky Viewကို မြင်ရသည်။ တောက်ပနေတဲ့နေရောင်ခြည်တွေက မှန်ကနေတဆင့် ဖြာကျနေပေမဲ့ အရမ်းပူနေတာတော့မဟုတ်။ နွေးနွေးလေးနဲ့ နေရထိုင်ရတာ သက်တောင့်သက်သာရှိသည်။ ထယ်ထယ်နဲ့သူ တစ်ဖက်တစ်ချက်ဆီမှာ မျက်နှာချင်းဆိုင်ထိုင်လိုက်မိသည်။ အရှေ့မှာရှိနေတဲ့ ပန်းချီဆေးရယ် ၊ စုတ်တံတွေရယ်က သူ့ကိုဆွဲဆောင်နေပေမဲ့ ထယ်ထယ့်ဆီကို သူအကြည့်ရောက်သွားသည်။ Canvasတစ်ခုကို ဆွဲယူရင်း Standပေါ်တင်ကာ သူ့ကို ပြုံးပြသည်။

Hidden Memory【 Completed 】Where stories live. Discover now