HM 19

3.6K 315 69
                                    


* Unicode *
* HM || Hidden Memory *


“ ယွန်းဂီ ... မင်နီလေးကို သေချာဂရုစိုက်ပေးနော် ... ကျွန်တော်လဲ နေ့တိုင်းဆက်သွယ်ပါ့မယ် ... ”

လေဆိပ်မှာ လိုက်ပို့တော့အပြုံးတစ်ပွင့်နဲ့ နှုတ်ဆက်လာတဲ့ဂျီမင်ကြောင့် ယွန်ဂီပြုံးပြလိုက်မိသည်။ ဒီအတောအတွင်း သူတို့နှစ်ယောက်ဆက်ဆံရေးသည် မိတ်ဆွေထက်မပိုတော့သလို .. သူငယ်ချင်းလဲမဟုတ်ပါ။. တစ်ယောက်ကိုတစ်ယောက် ချစ်သည် ဂရုစိုက်သည် ဦးစားပေးသည် သို့ပေမဲ့ စည်းတစ်ခုကို မကျော်ဖြစ်ကြ။

" အင်း ... ကိုယ်လဲ ‌ပုံမှန်အဆက်အသွယ်လုပ်ပါမယ် မင်းပဲ မဖြတ်သွားနဲ့ ... ပြီးတော့ မင်နီလေးကို စိတ်ချပါ ... ကိုယ်အကောင်းဆုံးစောင့်ရှောက်ပါ့မယ် ... "

" တစ်ခါလောက် ဖက်လို့ရမလား မင်ယွန်ဂီ ... "

နှုတ်ခမ်းဖူးဖူးတွေက တောင်းဆိုလေလျှင် သူခေါင်းညိတ်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကိုဆန့်တန်းကာ ဝင်လာတဲ့သိပ်ချစ်ရတဲ့လူသားလေးကို ထွေးပွေ့မိသည်။ သူ့ဘက်ကတော့ ခပ်ဖွဖွလေးသာ ဖက်ထားခဲ့ပေမဲ့ ဂျီမင်ကတော့ တင်းတင်းကျပ်ကျပ်ဖက်ကာ သူ့ကိုယ်ငွေ့ကို ရှူရှိုက်နေသလိုပင်...။

" ခင်ဗျားကို ဒီလိုတင်းတင်းကျပ်ကျပ်ဖက်ထားရတာ သဘောကျလိုက်တာ ... "

တိုးတိုးလေးရေရွတ်ပြီး သူ့ကိုအလွှတ်ပေးတော့ သူ့ရင်ထဲ တခုခုကို တုန်လှုပ်လာသည်။

" မင် ... "

မခေါ်တာကြာပြီဖြစ်တဲ့နာမ်စားကိုသုံးတော့ ဖျော့တော့သွားတဲ့ ဂျီမင်မျက်ဝန်းတွေကို သူငေးမိသည်။

" ဘာဖြစ်လို့လဲ ဂီ "

ဂျီမင်ဘက်ကလဲ မသုံးတာကြာတဲ့အခေါ်အဝါ်ကိုပြန်သုံးတော့ ... သူ ပြုံးပြလိုက်မိသည်။ မင့်ကို သူမပိုင်ပေမဲ့ တခဏလေးတောင် မခွဲချင်ပါ။

" ဘာမှမဟုတ်တော့ဘူး ...  မြန်မြန်သာပြန်လာခဲ့ ... မင်နီလေးက မင်းကိုစောင့်နေမှာ .. "

Hidden Memory【 Completed 】Where stories live. Discover now