Jimin's Diary

3.2K 263 21
                                    

⟨ Unicode ⟩
Jimin's Diary

“ ဒီစာကို ခင်ဗျားတွေ့ချင်တွေ့မယ် မတွေ့ချင်မတွေ့ဘူး။ ခင်ဗျားကိုပေးခဲ့ဖို့လဲ မရည်ရွယ်သလို ခင်ဗျားမတွေ့ပါစေနဲ့လို့လဲ မဆုတောင်းဘူး ယွန်ဂီ .... ဒီအတိုင်း ထွက်သွားရင် မတရားရာရောက်တာမို့လို့  ရေးခဲ့တာ .... အနည်းဆုံး ကျွန်တော် မထွက်သွားခင် စိတ်သက်သာရာရတယ်လေ ဂီ.. ဒီနေ့က ပထမဆုံးစရေးတဲ့နေ့မို့ ထွေထွေထူးထူးပြောစရာစကားက ခင်ဗျားကို ချစ်တယ်ဆိုတာပဲ ဂီ ... အမေရိကားကိုပထမဆုံးခြေချတဲ့အချိန်ကစပြီး စက္ကန့်တိုင်းခင်ဗျားကိုလွမ်းတယ် ဒါပေမဲ့ ကျွန်တော်မှန်တယ် ... အစကတည်းက ကျွန်တော်က ဒီလိုလူပဲလေ ဂီ ”

[ DD, MM, YY ]

𖧷𖧷𖧷𖧷𖧷𖧷𖧷

“ ဂီ ...   ဒီနေ့ခင်ဗျားနဲ့ဖုန်းပြောဖြစ်တယ် ... တောင်းပန်တယ် ခင်ဗျားဆီက ချစ်တယ်ဆိုတဲ့စကားကို နားမထောင်ဘဲ ဖုန်းချခဲ့လို့ .... ခင်ဗျားပြောဖို့အကြိမ်ကြိမ်ကြိုးစားနေတာသိပေမဲ့ မပြောပါနဲ့လား ... ကျွန်တော့်ဆီက ချစ်တယ် ဆိုတဲ့စကားကိုပဲ နားထောင်ပြီး ပြန်မပြောပါနဲ့လား ... ခင်ဗျား ဒီလိုတွေထပ်လုပ်နေရင် ကျွန်တော် စိတ်ဖြောင့်ဖြောင့်နဲ့ သွားနိုင်မှာမဟုတ်ဘူး ကျွန်တော်လောဘကြီးမိလိမ့မယ် ဂီ ”

[ DD, MM, YY ]

𖧷𖧷𖧷𖧷𖧷𖧷𖧷

“ ဒီနေ့ ခင်ဗျားဆီကဖုန်းလာတယ် ဒါပေမဲ့ မကိုင်မိခဲ့ဘူး ဆောရီးဂီ ... ကျွန်တော်ဖုန်းပြောဖို့အင်အားမရှိဘူး ... ခင်ဗျားအသံက ကျွန်တော်ခံစားနေရတဲ့ဝေဒနာရဲ့နှစ်ဆလောက် ပိုနာကျင်စေတာမို့လို့လေ .... ခင်ဗျားပို့ပေးတဲ့ သားသားလေးပုံတွေကြည့်ပြီး ကျွန်တော်ပျော်ရွှင်ရပါတယ် ...  ခင်ဗျားရယ် ကျွန်တော်ရယ် မင်နီလေးရယ် ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင်ခဲ့တာ ... ကံကြမ္မာက မျက်နှာသာမပေးခဲ့ဘူး ဂီ... အဲ့ဒီတော့ ကျွန်တော့်အစား မင်နီလေးနဲ့ ခင်ဗျား ပျော်ပျော်ကြီးဖြတ်သန်းပေးပါ ... မင်နီလေးရဲ့ဘဝတစ်ခုလုံး လုံခြုံအောင် ကျွန်တော့်ကိုယ်စားစောင့်ရှောက်ပေးပါ ... ခင်ဗျားကို ယုံတယ် ဂီ ...  ကျွန်တော့်ကိုယ်ပွားလေး မင်နီလေးကို အများကြီးချစ်ပေးပါနော် "

Hidden Memory【 Completed 】Место, где живут истории. Откройте их для себя