HM 08

4.6K 396 76
                                    

* Unicode *
* HM || Hidden Memory *

မျက်နှာပေါ်လာရိုက်ခတ်နေတဲ့ လေငွေ့နွေးနွေးတွေကြောင့် ဂျောင်ကု ပြုံးလိုက်မိသည်။ ထယ်ထယ့်လက်မောင်းပေါ်မှာ သူအကြာကြီးအိပ်ချင်ပေမဲ့ ထယ်ထယ်အိပ်ပျော်ပြီး ခဏအကြာမှာ သူမအိပ်တော့။ ထယ်ထယ် ညောင်းညာနေမှာစိုးသည်။ ထို့ကြောင့် ညကတည်းက ထယ်ထယ့်ချိုင်းကြား ခေါင်းအုံးဆွဲကာ ထယ်ထယ့်ရင်ခွင်ထဲ ဝင်နေ, နေမိသည်။

ထယ်ထယ်ကတော့ ပင်ပန်းလို့ အိပ်ပျော်သွားပေမဲ့ သူကတော့ မအိပ်ပျော်နိုင်။ ထယ်ထယ်အိပ်နေတာကို သူကြည့်ရင်း မနက်မိုးလင်းလို့ လင်းမှန်းမသိဖြစ်ခဲ့ရပြီ။ ထယ်ထယ့်ခန္ဓာကိုယ်က သူ့ခန္ဓာကိုယ်လောက် မကျစ်လစ်ပေမဲ့ သူ သိပ်သဘောကျသည်။ ယောင်္ကျားလေးတိုင်း လိုချင်တဲ့ ကြွက်သားတွေ မရှိပေမဲ့ သူ့ကိုဆွဲဆောင်နိုင်လွန်းသည်။ အခုတော့ဖြင့် ထယ့်ထယ့်လည်တိုင်လှလှမှာ သူ့သွားရာတွေက အကွင်းလိုက်။ ဘာကြောင့်ရယ်မသိ ထယ်ထယ့်ကို သူကာကွယ်ပေးချင်တယ်ဆိုပေမဲ့ ထယ်ထယ့်နဲ့ဆို သူဟာ ကလေးလေးပဲဖြစ်ချင်သည်။ ဘာမှမသိတဲ့ ကောင်လေးတစ်ယောက်ပဲဖြစ်ချင်သည်။  အရာရာအားလုံးကို ဦးဆောင်နိုင်စွမ်းရှိပေမဲ့ ထယ်ထယ့်ဆီမှာတော့ သူ ကျရှုံးသည်။

" ထယ်ထယ်ရယ် လှလိုက်တာ "

အိပ်စက်နေတဲ့ ထယ်ယောင်းကိုကြည့်ရင်း ဂျောင်ကု ရေရွတ်လိုက်မိသည်။ ပထမအကြိမ်တုန်းကလောက် မနာကျင်တော့တာက ဘာကြောင့်လဲ သူမသိ။ နာတော့နာပေမဲ့ ထယ်ထယ်က သူ့ကို ပိုးလေးမွေးသလို ယုယနေတာမို့ အဆင်ပြေပြေဖြတ်ကျော်နိုင်ခဲ့သည်။

ဂျောင်ကုတစ်ယောက် ထယ်ယောင်းမျက်နှာကို အသေးစိတ်ကြည့်နေရင်း ပါးပြင်ပေါ်က အမာရွတ်လေးကို လက်လေးနဲ့ ခပ်ဖွဖွလေးထိကြည့်မိသည်။ ဘာဖြစ်ခဲ့မှန်းမသိပေမဲ့ မျက်နှာလှလှလေးပေါ်က အမာရွတ်လေးကိုလဲ သူချစ်ပါသည်။ ကြည့်နေရင်း စိတ်မထိန်းနိုင်တော့သည်မို့ သူ ထိုအမာရွတ်လေးပေါ် အနမ်းတစ်ပွင့်ခြွေရင်း ပြုံးလိုက်မိသည်။ ထို့နောက် ပတ်ဝန်းကျင်ကိုကြည့်မိတော့ အလင်းတွေဖြာကျနေပြီမို့ နာရီကိုကြည့်လိုက်မိသည်။

Hidden Memory【 Completed 】Where stories live. Discover now