HM 06

4.7K 457 33
                                    


* Unicode *
* HM || Hidden Memory *

အိမ်တော်ရှေ့ကားဟွန်းတီးလိုက်တာနဲ့ ပွင့်ကျလာတဲ့တံခါးကြောင့် ဂျီမင်ကားကိုဖြေးဖြေးလေးမောင်းကာ ဝင်သွားလိုက်သည်။ ပြန်မရောက်တဲ့နှစ်နှစ်အတွင်းမှာတောင် ပန်းခြံကျယ်ကြီးက မီးရောင်တွေအောက်မှာ လှပ‌လွန်းနေသလို ခပ်လှမ်းလှမ်းမှာမြင်ရတဲ့အိမ်တော်ကလဲ သစ်လွင်တောက်ပစွာ ...။ ဟုတ်ပါရဲ့ အမွေတွေကိုလက်ခံလိုက်ကတည်းက ကိုးရီးယားမှာရှိတဲ့အမွေတွေအကုန်ရကာ Asia Top ထဲအမြဲပြေးနေတဲ့ Han Royal Groupကိုပါ သူရရှိခဲ့သည်။။တနေ့‌တနေ့ ဟန်ဆောင်အပြုံးတွေနဲ့ မာယာတွေကြားကျင်လည်နေရတာ သူပင်ပန်းလွန်းသည်။ တစ်ခါတလေ အရင်ကလို အချိန်ပိုင်းအလုပ်တွေကြား ပြေးလွှားရင်း အလုပ်တူသူငယ်ချင်းတစ်ချို့နဲ့ ဆိုဂျူ‌ထိုင်သောက်ချင်သေးသည်။

" ဟင်း "

ဂျီမင်သက်ပြင်းချရင်း အိမ်တော်ရဲ့ဆင်ဝင်အောက်မှာ သူကားရပ်လိုက်တော့ အိမ်တော်ထိန်းကြီးနဲ့ အိမ်တော်က ဝန်ထမ်းတွေစီတန်းရပ်နေတာ သူမြင်လိုက်မိသည်။ နေသားမကျတာမျိုး မဖြစ်ဘဲ သူကားပေါ်ကဆင်းကာ ကားသော့ကို ကောင်လေးတစ်ယောက်ဆီလှမ်းပေးလိုက်သည်။

" သခင်လေးရယ် ကားကိုကိုယ်တိုင်မောင်းလာရသလား သခင်မကြီးသိရင် ... "

" သူ.. ကျွန်တော့်ကို မထိန်းချုပ်နိုင်တာမို့ ဘာမှမဖြစ်ပါဘူး "

ပြုံးရင်း ပြန်ပြောပြတော့ အိမ်တော်ထိန်းကြီးက နားလည်သလိုပြုံးသည်။ သူအိမ်ထဲဝင်တော့ ဝန်ထမ်းတွေအကုန်လုံးက ဦးညွတ်ကြသည်။

" ကြိုဆိုပါတယ် သခင်လေး "

အသိအမှတ်ပြုသလို သူခေါင်းညိတ်ပြီး အိမ်ပေါ်ထပ်ကိုခြေလှမ်းလှမ်းတော့ အိမ်တော်ထိန်းကအနောက်ကနေပါလာသည်။

" သခင်လေး ညစာအဆင်သင့်ဖြစ်ပြင်ပြီးပါပြီ ... သခင်လေးအကြိုက်တွေကို အိမ်တော်ထိန်းဆီကီဆီက မေးပြီးချက်ထားထားပါ ... "

Hidden Memory【 Completed 】Where stories live. Discover now