HM 20

3.5K 303 51
                                    

* Unicode *
* HM || Hidden Memory *


“ ဘာလုပ်နေတာလဲ ဂျောင် ဂျောင်ကုလေး ... ”

ရေချိုးခန်းထဲကနေ ထယ်ယောင်းထွက်လာတော့ ကုတင်ပေါ်မှာ ခြေထောက်တွေကို ကားကာ အလယ်မှာ သားသားလေးကို ထားပြီး တစ်ခုခုလုပ်နေပုံပေါ်တာမို့ ထယ်ယောင်းမေးလိုက်မိသည်။ သို့ပေမယ့် ဂျောင်ကုကမဖြေ။
ထယ်ယောင်း တစ်ချက်ပြုံးလိုက်ရင်း Dryerနဲ့ဆံပင်တွေကို လေမှုတ်လိုက်သည်။

" ထယ်ထယ်!! ထယ်ထယ်!! ပါးပါး ညေးဒါဂို ပြန်ဖေအုံးယေ "

[ Tran シ︎ :  ဒယ်ဒယ် !! ဒယ်ဒယ်!! ပါးပါး မေးတာကိုပြန်ဖြေဦးလေ ... ]

သားသားလေးက ဂျောင်ကုကိုမော့ကာပြောပေမယ့် ဂျောင်ကုကအရေးမစိုက်။

“ ရှီရိုလေးက သကြားလုံးစားချင်တယ်ဆို ဒယ်ဒယ် မနက်ဖြန်ဝယ်လာခဲ့မယ်နော် "

ကလေးကိုစိတ်ပြောင်းအောင်စကားလွှဲနေတော့ ‌ထယ်ယောင်း Dryerကိုချကာ ဂျောင်ကုဘက်ကိုလှည့်ကြည့်လိုက်သည်။ လက်စသတ်တော့ ဂျောင်ကုက သားသားကို ဆံပင်စည်းပေးနေတာပဲ။ ရှည်လာတဲ့ဆံပင်တွေကို သူ ညှပ်ပစ်ပေးချင်ပေမယ့် ဂျောင်ကုက ညှပ်ခွင့်မပြု။ ကြီးလာလေ ဂျောင်ကုနဲ့တူလာလေဖြစ်တဲ့သားသားဟာ အခုလည်း ဆံပင်ကောက်ကောက်လေးတွေက ဂျောင်ကုနဲ့အတူတူပင်။ အကြောင်းရင်းကတော့ ဂျောင်ကုက ဆင်တူဆိုပြီး သားသားကိုပါ ဆံပင်အရှည်ထားကာ ကောက်ထားပေးတာဖြစ်သည်။သူ‌ေတာင် ဂျောင်ကုရဲ့ဆံပင်အရှည်အကောက်စတိုင်ကြားကနေလွတ်အောင် မနည်းရုန်းထွက်ထားခဲ့ရတာဖြစ်သည်။ အစက ဂျောင်ကုက မိသားစု ဆင်တူဆိုပြီး ဆံပင်အရှည်တွေထားစေတာလေ ... ။

အင်း .. အဲ့တုန်းကလဲ သူဆံပင်အရှည်မထားလို့ ဂျောင်ကုက သူ့ကိုစိတ်ဆိုးချင်ယောင်ဆောင်နေသေးသည်။

ထယ်ယောင်း အတွေးတွေကို ခေါင်းခါလိုက်သည်။ ထို့နောက် အဝတ်အစားမြန်မြန်လဲကာ ကုတင်ပေါ်တက်ပြီး ဂျောင်ကုထိုင်သလိုမျိုး  အနောက်ကနေ ခြေထောက်ကိုကားကာ ထိုင်လိုက်မိသည်။ လက်ရှိအခြေအနေသည် ဂျောင်ကုကသူ့ရင်ခွင်ထဲမှာခြေဆင်းထိုင်နေတာဖြစ်ပြီး ဂျောင်ကုရဲ့ရင်ခွင်ထဲမှာတော့ သားသားလေးက ခြေဆင်းထိုင်နေတာဖြစ်သည်။ သူအနောက်ကိုရောက်လာပေမယ့် ဂျောင်ကုကအရေးမစိုက်သေး။ ဆံပင်ကောက်ကောက်ရှည်ရှည်လေးတွေဖြစ်နေတဲ့သားသားကိုသာ ကလစ်အသေးလေးတွေ တပ်ပေးနေသည်။

Hidden Memory【 Completed 】Where stories live. Discover now