HM 17

3.4K 300 27
                                    

* HM || Hidden Memory *


“ အဆင်သင့်ဖြစ်ပါပြီ သခင်လေးတိုရှီဟီရို ”


အခန်းဝက ကောင်မလေးရဲ့စကားကိုကြားတာနဲ့ သူ လောလောပျာပျာ အခန်းထဲဝင်သွားမိတော့ မြင်လိုက်ရတဲ့ ထယ်ထယ့်ပုံရိပ်ကြောင့် အသက်ရှူနှုန်းတွေ လွဲမှားကုန်သည်။ “ ရှီရိုမုခု ” (shiro-muku) လို့ခေါ်တဲ့ အဖြူရောင်ကီမိုနိုနဲ့ လှချင်တိုင်းလှနေတဲ့ ထယ်ထယ်...။ မြင်နေကျ ယောင်္ကျားဆန်ဆန်ချောမောမှုတွေက အခုမှ အသွင်ပြောင်းကုန်သလိုလို .... ။ သူ့ခမျာ အံ့ဩလွန်းလို့ ပါးစပ်တောင် ပိတ်မရတဲ့အထိပင် ...။


“ ဘာကြည့်နေတာလဲ ... ကိုယ် အရမ်းနေရခက်နေတာနော် ”

မျက်မှောင်ကြုတ်ကာ ခပ်စူစူလေးပြောလာတဲ့ ထယ်ယောင်းကြောင့် ဂျောင်ကု မျက်တောင်ခတ်ဖို့ အသိဝင်လာသလို နှုတ်ခမ်းကိုပါ လျှာနဲ့သပ်မိသည်။

“ ထယ်ထယ် အရမ်းလှတယ် "

ခေါင်းကနေစပြီး ခြေဖျားအထိ အစအဆုံးကြည့်ကာ သူပြောလေတော့ ထယ်ထယ် ညည်းညူလာသည်။

“ လှတယ်?? ဒီမှာ ကီမိုနိုကအရမ်းကျပ်နေတာနော် ... ခေါင်းပေါ်က ဆံတုကိုလဲ ဖြုတ်ပစ်ချင်နေပြီ ... အဆိုးလေး ... မင်းကို လက်ထပ်ရတာ ဒီလောက်ခက်ခဲမှန်းသိရင် အိမ်တော်မှာ မဟုတ်ဘဲ ဟန်းဂူးမှာ လက်ထပ်ဖို့ရွေးခဲ့မှာ .... ”

ထိုစကားကြောင့် ဂျောင်ကုရယ်လိုက်မိသည်။ တကယ်ပြောရရင် သူနဲ့ထယ်ထယ်လက်ထပ်ပွဲအတွက် တစ်ပတ်ကျော်ကြာဆွေးနွေးခဲ့ရသည်။ ဘွားဘွားတို့က မျိုးရိုးဆက်ခံတာနဲ့ပတ်သတ်ပြီး ထယ်ထယ့်ကို မေးတော့ ထယ်ထယ်က သူ့အတွက်နဲ့ ‘ ကင် ’မျိုးရိုးကိုစွန့်လွှတ်ကာ အာကီအို အိမ်တော်ရဲ့ မိသားစုနာမည်ဆက်ခံပါမည်ဟု ကတိခံခဲ့သည်။ အဓိကက ဘိုးဘိုးကြောင့်ပင်။ အာကီအိုမျိုး‌ဆက်ကိုမှ လက်မခံရင် သူနဲ့ထယ်ထယ့်လက်ထပ်ပွဲကို သဘောမတူနိုင်ဘူးလို့ ငြင်းဆိုတာကြောင့်လေ။

Hidden Memory【 Completed 】Where stories live. Discover now