HM 13

2.8K 334 72
                                    

* HM || Hidden Memory *

“ ယိုနာ သက်သာရဲ့လား ”

သန့်စင်ခန်းကနေ ထွက်လာတဲ့ ယိုနာ့ကို ထယ်ယောင်းပြုံးပြရင်း မေးလိုက်မိသည်။

“ အင်း ~~ သက်သာပါတယ် .. ခေါင်းကိုက်တာနည်းနည်းလေးပဲ ... ပြီးတော့ မနေ့ညက တို့ဟူးတွေ စားမိလို့ဖြစ်မယ် ... ”

သွားလေးပေါ်အောင်ပြုံးရင်း ပြောလာတဲ့ယိုနာ့ဆံနွယ်တွေကို သူဖွပစ်ရင်း အနားလာထိုင်စေလိုက်သည်။

" ‌ဒီမှာ ... ကင်မ်ချီထမင်းကြော် .... ဂျောင်ကုက သိပ်ကြိုက်တာလေ .... မင်းလဲ ဒီတစ်ခုနဲ့ နို့တစ်ခွက်ပဲ သောက်လို့အဆင်ပြေတာမဟုတ်လား "

ကိုကိုထယ်ယောင်းစကားက ဘာရယ်မဟုတ်ပေမဲ့ သူမကို အပြစ်ရှိတဲ့လူသားလို့ ခံစားရစေသည်။ တကယ်လဲ အပြစ်ရှိတဲ့လူတစ်ယောက်မဟုတ်ဘူးလား။ သိပ်ချစ်ကြတဲ့ချစ်သူနှစ်ယောက်ကြားကို ဝင်ရှုပ်ခဲ့တဲ့ ဗီလိန်တစ်ယောက်လေ။ ဒါပေမဲ့ သိပ်မကြာခင် လောကကြီးကထွက်သွားမဲ့သူတစ်ယောက်အနေနဲ့ ဒီတစ်နှစ်ဆိုတဲ့အချိန်ပိုင်းလေးမှာတော့ အတ္တကြီးခွင့်ရှိတယ်မဟုတ်လား။ တစ်ဘဝလုံး လိုချင်တာတွေမရှိခဲ့ပေမဲ့ ကင်ထယ်ယောင်းဆိုတဲ့လူသားရဲ့ဘေးနားမှာ လက်ကျန်အချိန်တွေဖြုန်းချင်မိတာကတော့ လွန်မယ်မထင်။  အဲ့ဒါကြောင့် တောင်းဆိုမိခဲ့တာ ...။ ကိုကိုထယ်ယောင်းကို သူမအနားမှာ ကလေးမွေးသည်အထိ ကိုကိုဂျောင်ကုနဲ့အဆက်အသွယ်မလုပ်ဘဲ နေပေးဖို့ကိုလေ။

" အင်း ... ကလေးလေးက ကိုကိုဂျောင်ကုနဲ့သေချာပေါက်တူမှာ ... ဒါပေမဲ့ ကိုကိုထယ်ယောင်းက သေချာဂရုစိုက်ပေးတာမို့ ကိုကိုထယ်ယောင်းနဲ့တူနေရင်ရော "

" ဘယ်သူနဲ့တူတူကိစ္စမရှိဘူး အဆင်ပြေတယ် ယိုနာ ... အခုက မင်းကျန်းမာဖို့ ကလေးလေးမွေးပြီးရင်လဲ မင်းအသက်ရှင်ရမယ် "

မျက်ဝန်းတွေကို စူးစိုက်ကြည့်ကာပြောတဲ့ ကိုကိုထယ်ယောင်းကြောင့် သူမ အကြည့်လွှဲလိုက်သည်။ သူမအခြေအနေ သူမ သိပေမဲ့ ကိုကိုထယ်ယောင်းကတော့ ကလေးအပြင် မိခင်ပါ ကျန်းမာဖို့လိုလားနေတာ သူမ  သိသည်။

Hidden Memory【 Completed 】Where stories live. Discover now