𝗕𝗲𝘆𝗼𝗻𝗱 𝗧𝗵𝗲 𝗙𝗶𝗻𝗮𝗹

3.3K 280 15
                                    

⟨ Unicode ⟩
𝗕𝗲𝘆𝗼𝗻𝗱 𝗧𝗵𝗲 𝗙𝗶𝗻𝗮𝗹
***********************

" ကျွန်တော်မသိသေးတာဘာရှိသေးလဲ ကင်ထယ်ယောင်း "

ကုတင်ပေါ်ထိုင်ရင်းမေးလာတဲ့ဂျောင်ကုကြောင့် ထယ်ယောင်း ဆံပင်တွေသုတ်ရင်း ပြန်ဖြေပေးမိသည်။

" ကိုယ်ပြောပြရင် စိတ်မဆိုးဘူးလို့ကတိပေး"

" ဆိုးသင့်ရင် ဆိုးရမှာပဲလေ "

" အဲ့ဒါဆိုမပြောပြတော့ဘူး ဒီအတိုင်းနေလိုက်တော့ "

"မပြောပြရင် ဂျပန်ရောက်တာနဲ့ ကွာရှင်းမှာနော် "

နှုတ်ခမ်းလေးဆူကာပြောလာတော့ ‌ထယ်ယောင်း ဆံပင်တွေသုတ်နေရင်း သဘက်ကို စားပွဲပေါ်ချလိုက်မိသည်။ ထို့နောက် ဂျောင်ကုကို ကုတင်ပေါ်လှဲချကာ အပေါ်ကနေငုံ့မိုးလိုက်သည်။ ကောင်းကောင်းမခြောက်သေးတဲ့သူ့ဆံနွယ်ကရေစက်တွေ ဂျောင်ကုမျက်နှာပေါ် တစ်စက် တစ်စက် ကျသည်။

" ကွာရှင်းမယ်ဆိုတဲ့စကားကို ခဏခဏပြောပြီးခြိမ်းခြောက်နေတာလား "

ပြောပြီးတာနဲ့ ဂျောင်ကုနှုတ်ခမ်းတွေကို ဆွဲစုပ်လိုက်တော့ ဂျောင်ကုလက်တွေက သူ့ကိုတွန်းဖယ်လာသည်။

" ခင်ဗျားကြီး ဖယ်စမ်း!! ဒီလိုအနိုင်ကျင့်မယ်မှန်းသိရင် ဖုန်းဆက်ပြီးမချိန်းဘူး အွန်ဝူးတို့နဲ့နေခဲ့မှာ ... "

" အခုတော့ကိုယ့်လက်ထဲမှာလေ မင်းက ... ဘာတတ်နိုင်သေးလို့လဲ ... ထပ်ပြီး ထွက်ပြေးမရအောင် ဒီခြေထောက်တွေကို ချည်ထားပစ်လိုက်မယ် "

" ထယ်ထယ်!!! ကျွန်တော်အကောင်းပြောနေတာနော် .. ကျွန်တော်မသိတာဘာရှိသေးလဲလို့ "

စိတ်ရှည်တော့ပုံမရတဲ့ဂျောင်ကုကြောင့် ထယ်ယောင်း ဂျောင်ကုနှုတ်ခေါင်းကိုဆွဲညစ်ပြီး မေးခွန်းတွေကိုဖြေပေးဖို့ကြိုးစားမိသည်။

" ကိုယ်ပြောပြရင် ဘာရမှာလဲ "

" ဘာလိုချင်နေပြန်ပြီလဲ "

Hidden Memory【 Completed 】Where stories live. Discover now