HM 14

2.8K 336 54
                                    

* Unicode *
* HM || Hidden Memory *

  အရှေ့မှာရှိနေတဲ့အိမ်အသေးလေးကိုကြည့်ပြီး ဂျောင်ကု တုန်လှုပ်နေမိသည်။ လေးလအကြာမှာ အစ်ကိုကြီးအကူညီနဲ့ သူ ကိုရီးယားကို ခိုးပြန်လာနိုင်ခဲ့ပေမဲ့ ကိုးရီးယားရောက်သည့်တိုင် ထယ်ထယ်ဘယ်မှာရှိတယ်ဆိုတာ သူမသိရ။ အဲ့ဒါကြောင့် အစ်ကိုကြီးနဲ့ မင်ယွန်ဂီဆက်သွယ်တာကို ခိုးနားထောင်မိတော့ ကိုကိုဂျီမင်နဲ့မိသည်။ ကိုကိုဂျီမင်ကို မျက်နှာငယ်လေးနဲ့ တောင်းဆိုမိတော့ ကိုကိုဂျီမင်က ပြောပြလာသည့်အိမ်လိပ်စာ။

ဘူဆန်မှာ မဟုတ်ဘဲ ဒယ်ဂူမှာတဲ့။ စစကြားချင်းဝမ်းသာအားရနဲ့ ဒယ်ဂူဘက်ကိုတစ်ယောက်တည်းဆင်းခဲ့သည်။ အခု ဒီအိမ်ရှေ့မှာ သူ့ကား ရပ်နေတာ တစ်နာရီကျော်ပြီဖြစ်သည်။ လူနေတဲ့အရိပ်အယောင်နည်းနည်းလေးတောင် မတွေ့ရ။ အဲ့ဒါကြောင့် ကားပေါ်ကမဆင်းဘဲ ကားထဲကနေ စောင့်ကြည့်နေမိသည်။ ထယ်ထယ်ဘယ်လိုတောင်ပြောင်းလဲသွားလဲ သူမသိပေမဲ့ တွေ့ရမှာကိုတော့ နည်းနည်းတုန်လှုပ်နေသည်။ အရမ်းလွမ်းနေတာမို့ ရင်ခုန်ခြင်းတို့ကပါ သူ့နှလုံးသားကိုခြယ်လှယ်သည်။

‌စိတ်လှုပ်ရှားနေသည်မို့ လက်မတွေ တစ်ဖက်နဲ့တစ်ဖက် သူပွတ်သပ်မိသည်။ နောက်နည်းနည်းကြာတဲ့အချိန်မှာတော့ အဝေးကနေ လှမ်းလာနေပြီဖြစ်တဲ့ပုံရိပ်တစ်ခု ... ။ အထုပ်နှစ်ထုပ်ဆွဲကာ အေးအေးလူလူလျှောက်လာပုံက သူ့ရင်ကို လှုပ်ခတ်နိုင်စေသည်။

" ထယ်ထယ် "

တဖြည်းဖြည်းပုံရိပ်တို့ပီပြင်လာတာတောင် ဂျောင်ကုကားပေါ်ကမဆင်းနိုင်ဘဲကြောင်တောင်တောင်လေးကြည့်နေမိသည်။

ထယ်ထယ် ... ဟုတ်ပါ့ ..  ဒါ သူချစ်ရတဲ့ထယ်ထယ် ... သူ့အတွက် ဘာနဲ့မှလဲလို့မရတဲ့ထယ်ထယ် ...

ဂျောင်ကု ကားပေါ်ကနေဆင်းလိုက်မိသည်။ မတွေ့ရတဲ့လတွေအတွင်းမှာ ပိန်ကျသွားတဲ့ထယ်ထယ်။ အဂီHyungပြောတော့ နေကောင်းတယ်ဆို .. ဘာလို့ သူ့ထက်တောင် ထယ်ထယ်က ပိန်နေရပါသလဲ ...

ဝမ်းသာခြင်းတွေ စိုးရိမ်ခြင်းတွေရောယှက်ကာ အိမ်တံခါးရှေ့ ဘဲလ်နှိပ်နေတဲ့ ထယ်ယောင်းဆီ ဂျောင်ကုခြေလှမ်းတွေ အပြေးလှမ်းလိုက်မိသည်။ သူ့ကို ရက်ရက်စက်စက်ပစ်သွားတဲ့လူလို့တောင် သူတွေးဖို့အချိန်မရှိသလို မျက်တောင်ခတ်လိုက်တာနဲ့ ဒီပုံရိပ်လေးထပ်ပျောက်သွားမှာကိုပဲ သူစိုးရိမ်မိသည်။

Hidden Memory【 Completed 】Waar verhalen tot leven komen. Ontdek het nu