HM 05

4.8K 462 31
                                    

* Unicode *
* HM || Hidden Memory *

“ ထယ်ယောင်း ပထမဆုံး ငါပြောချင်တာက ငါ ... တောင်းပန်ပါတယ် .... ငါ မင်းကို လိမ်ခဲ့တာ မဟုတ်ဘူး ”

အရှေ့က Hot Chocolateခွက်ကို လက်နှစ်ဖက်နဲ့ကိုင်ကာ အပြစ်ရှိသလို ခေါင်းငုံ့လိုက်တဲ့ဂျီမင်ကြောင့် သူသက်ပြင်းချလိုက်မိသည်။

“ သိချင်တာပဲဖြေပေး .... ငါ မင်းကိုအပြစ်မတင်ဘူး ဂျီမင် ... ရွေးချယ်ရခက်တဲ့အရာတွေရှိမှန်း ငါလဲသိတယ်လေ ”

“ တကယ်တော့ ... ငါလဲ အစက ဂျောင်ကုအသက်ရှင်နေတာကို မသိဘူး  ဂျပန်ရောက်ပြီး တစ်ပတ်အကြာမှ သိခဲ့တာ .... အစ်ကိုကြီးပြောတာကတော့ ငါ့ကို ပညာပေးတာတဲ့လေ .... အဟက် ... ဂျောင်ကုအသက်ရှင်တုန်းက ငါကကောင်းကောင်းဂရုမစိုက်မိခဲ့လို့ ငါ့ကို ပညာပေးတာတဲ့လေ ... ”

ဂျီမင်ရဲ့စကားကြောင့် သူဂျီမင်းကိုသေချာကြည့်လိုက်သည်။ အတိတ်ကိုပြန်တွေးပြီး ဝမ်းနည်းနေတဲ့ပုံပါပဲ။

“ ငါမသိတာတွေအများကြီးရှိမယ်ထင်တယ် ဂျီမင် .... ဥပမာ မင်းရဲ့နောက်ကြောင်း.... ကြည့်ရတာ ... ငါလိုက်မမှီနိုင်လောက်တဲ့အခြေအနေပဲ ”

သူပြောတော့ ဂျီမင်ကခေါင်းညိတ်ကာပြုံးသည်။

“ ဂျောင်ကုအကြောင်းသိရင် ငါ့အကြောင်းလဲ သိမှာပေါ့ ... ငါတို့ကဝမ်းကွဲတွေလေ ... ကဲ ထားလိုက်ပါတော့ ... အခု ငါပြောပြမယ် သေချာနားထောင် ထယ်ယောင်း ”

အစပျိုးလာမဲ့ဂျီမင်းစကားကို သူအာရုံစိုက်လိုက်မိသည်။

“ တကယ်တော့ ... ဂျောင်ကုက ဒီနှစ်နှစ်အတွင်း သူ့ကိုယ်သူသတ်သေဖို့ လေးကြိမ်လောက်ကြိုးစားခဲ့တယ် ထယ်ယောင်း... ”

ထိုစကားကြောင့် ထယ်ယောင်းရင်ဘတ်တွေစုတ်ပြတ်သပ်သွားသလိုပင်။ ဘာတွေခံစားနေရလို့ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ကြိုးစားရတာလဲ ဂျွန်ထယ်။

“ ဘာလို့လဲ ... ဘာဖြစ်လို့သူက သူ့ကိုယ်သူ သတ်သေဖို့ကြိုးစားရတာလဲ ”

Hidden Memory【 Completed 】Where stories live. Discover now