HM 02

4.8K 499 34
                                    

* Unicode *

* Hidden Memory *





" ကင်ထယ်ယောင်းရဲ့ ဌာနပြောင်းတဲ့ အထိမ်းအမှတ်နဲ့ ဒီဌာနက လူတွေအကုန်လုံးကို ဒီည ညစာကျွေးမယ် .. စီအီးအိုကတော့ အလုပ်လေးရှိလို့ မလိုက်လာနိုင်ပါဘူး အဲ့ကြောင့် သတိပေးချင်တာက ကင်ထယ်ယောင်းကို ကောင်းကောင်းဆက်ဆံ "



အတွင်းရေးမှူးဆီက စကားသံကြောင့် အကုန်လုံးကတိတ်ဆိတ်နေ‌သည်။ အဲ့ထဲမှာ ထယ်ယောင်းကတော့ အာရုံမရောက်။ တနေကုန် ရုံးခန်းထဲပိတ်ထားပြီး ရုံးဆင်းခါနီးမှ အခုလို ညစာစားပွဲလုပ်တာဘာသဘောလဲ ။ သူ ဒါတွေမလိုချင်ဘူး။ ဂျွန်ထယ့်အနားမှာပဲ နေချင်တာ ။ ခါးခါးသီးသီးဆက်ဆံနေရင်တောင် သူ့ကလေးလေး ဘာဖြစ်နေလဲ သူသိပ်သိချင်သည်။

" ကင်ထယ်ယောင်း ! "

" ... "

" ကင်ထယ်ယောင်း !! "

" ဗျာ! "

" မင်းပါလိုက်သွားရမှာမို့ ကောင်းကောင်းပျော်ခဲ့ပါ "

သူ့ကိုပြုံးပြနှုတ်ဆက်သွားတဲ့ အတွင်း‌ရေးမှူးကိုတော့ နားမလည်။ ဝန်ထမ်းတွေအကုန်လုံးကတော့ မခေါ်ချင်ပေမဲ့ စီအီးအိုကိုကြောက်ရွံ့သူမို့ သူ့ကို ကောင်းကောင်းဆက်ဆံကြသည်။ ဒီနေ့တစ်နေ့တည်းပါ ... နောက်နေ့ဆို ဘယ်ဌာနရောက်မယ်သူမသိဘူးလေ။ ဘာရယ်မဟုတ် ... ဂျွန်ထယ် သူ့ကိုအနားမှာထားဖို့မျှော်လင့်နေမိသည်။ ဂျွန်ထယ်က သူ့ကိုသိပ်ချစ်တာလေ။

ညစာစားဖို့ စားသောက်ဆိုင်ဆိုတာထက် ရောက်လာကြတာက ကလပ်တစ်ခု။ ထစ်ကနဲ့ရှိ သောက်မယ်ဆိုတဲ့ ဒီလူတွေကြောင့် ထယ်ယောင်းစိတ်ညစ်သွားပေမဲ့ အမှတ်ရမိတာက ဂျွန်ထယ်နဲ့စတွေ့တာ ဒီဘားပဲလေ။ ဟုတ်တယ်မဟုတ်လား ... အရင်က သူပိုင်ခဲ့တဲ့ကလပ်လေ။ အရင်က အခြေအနေကမဆိုးပေမဲ့ အခုကတော့ အခြေအနေဆိုးသည်။ ပုံစံတွေက ဆန်းသစ်လာပေမဲ့ အတွဲတွေက မြင်မကောင်း။ကြည့်ရတာ အခန်းတွေပါ ဖွဲ့ပေးထားတာလား။ သူ့တုန်းက ပြသနာမရှင်းချင်လို့ အခန်းတွေပိတ်ထားခဲ့ပေမဲ့ လက်ရှိပိုင်ရှင်ကတော့ အခန်းတွေကို သိပ်ကြိုက်ပုံရသည်။ သို့ပေမဲ့ သူက အခုချိန်မှာ လခစားသမားမို့ ဒါတွေက အလှမ်းဝေးပါသည်။

Hidden Memory【 Completed 】Where stories live. Discover now