HM 22 ⟨ The Final ⟩

6.8K 332 36
                                    


⟨ Unicode ⟩
* HM || Hidden Memory*

" ထယ်ယောင်း ~~ ဟီရိုက ဘွားရဲ့အိပ်ခန်းထဲမှာ ... အိပ်နေပြီထင်တယ် ~~ သူ ဒီနေ့အများကြီးငိုထားတယ် ... ဘာစကားမှမပြောဘဲ ငို‌ပဲငိုနေတာ .... သူ နားဝင်အောင် ချော့ပြောဖို့တော့ လိုတယ် "

အိမ်တော်ရှေ့ခြေချမိတာနဲ့ အဝမှာတင် ဘွားဘွားဆီက ထွက်လာတဲ့စကား ။ ထယ်ယောင်း အပြစ်ရှိသလို ခေါင်းညိတ်မိသည်။

" ဟုတ်ကဲ့ ဘွား "

" အာကီဆီကနေ အကြောင်းစုံကြားထားပြီးပြီ~~ သိပ်စိတ်မပူပါနဲ့ သူကအငယ်ဆုံးမို့လို့ ဆိုးချင်တာနေမှာပါ ...အဲ့ဒါကြောင့် သူဘာပြောပြော နားမထောင်နဲ့ ~~ ရုတ်တရက်ကြီး သိသွားတာဆိုတော့ လက်ခံဖို့ ခက်ခဲနေတာ နေမှာ ... မဟုတ်ရင်လဲ သားကို တမင်သက်သက် ဆိုးချင်လို့နေမှာ "

ဝမ်းနည်းနေတဲ့သူ့မျက်နှာကိုကြည့်ပြီး ဘွားက နှစ်သိမ့်တော့ ထယ်ယောင်း အားတင်းပြုံးလိုက်သည်။

" ဘွား ~~ ဟီရိုကို ကျွန်တော် ပြန်ချီလာလို့ရလား "

သူမေးမိတော့ ဘွားကရယ်သည်။

" အမလေး~~ တစ်ညလောက်တောင် ဘွားဆီမှာ မထားနိုင်ဘူးလား ... ဟုတ်ပါပြီ ... သွားခေါ်လိုက်ပါ တအားငိုထားပုံထောက်ရင် ဖျားတောင်ဖျားနိုင်တယ် ... သားပဲ သေချာဂရုစိုက်ပေါ့ "

ဘွားကတော့ ပေါ့ပေါ့ပါးပါးလေး ပြောလာပေမဲ့ သူကတော့ မပြုံးနိုင်သေး။ ဆေးရုံမှာတွေ့ခဲ့ရတဲ့ဂျောင်ကုရဲ့ပုံက သူတစ်ခါမှ မတွေ့ဖူးသည်လေ။
အရမ်းကိုအေးစက်သွားတဲ့မျက်နှာက သူ့ကမ္ဘာကြီးကို ရပ်တန့်စေနိုင်လောက်တဲ့အထိ အင်အားပြင်းသည်။ အသိဝင်ဝင်ချင်း ဂျောင်ကုနောက်ကို‌လိုက်ဖို့ပြင်ခဲ့ပေမဲ့ ဆော့ဂျင်ဆီ ဖုန်းဆက်လာတဲ့ ဘွားကြောင့် ညနေစောင်းမှ အိမ်ပြန်လာခဲ့မိသည်။ အခုဆိုရင်ဖြင့် ချစ်ရတဲ့အဆိုးလေးဟာ တစ်နေကုန်ငိုထားသည်တဲ့လား။ မျက်ဝန်းလေးတွေ ဖောင်းနေတော့မှာပဲ။

ထယ်ယောင်း အတွေးနဲ့တင်သက်ပြင်းချကာ ဘွားရဲ့အိပ်ဆောင်ဆီ ဘွားနဲ့တူတူဝင်မိတော့ အဘွားဖြစ်သူရဲ့ အိပ်ယာပေါ်မှာ ကလေးလေးလို ခေါင်းအုံးကိုဖက်ကာ ကွေးပြီးအိပ်နေတဲ့ချစ်ရတဲ့လူသားလေးကို တွေ့လိုက်ရသည်။ ဘယ်လောက်တောင် ငိုထားလဲ သူမသိ။ ကြည့်ရသလောက် နှာထိပ်လေးတွေနီကာ မျက်ဝန်းတွေက ထင်တဲ့အတိုင်းဖောင်းနေသည်။ အငိုလွန်ပြီး နှာစေးနေပုံရတာမို့ ဖြူဖျော့နေတဲ့နှုတ်ခမ်းကနေ အသက်ရှူနေတဲ့ ဂျောင်ကုလေး။

Hidden Memory【 Completed 】Where stories live. Discover now