HM 21

3.2K 300 33
                                    

* Unicode *

" သားသားလေး ဒီနေ့ကျောင်းသွားရမှာကို ပါးပါးတို့က မေ့နေကြတယ်ထင်တယ် .. လာ .. ပါးပါးတို့ဆီ ဖေကြီးပို့ပေးမယ် "

မနက်ခင်းအသက်ဝင်တာနဲ့ ဆော့ဂျင် သားသားလေးကိုချီကာ ဂျောင်ကုတို့ဆီဦးတည်လိုက်သည်။ အချိန်လည်းလင့်ပြီမို့ အရင်နေ့တွေလိုပဲ တံခါးမခေါက်ဘဲ အခန်းထဲဝင်လိုက်မိသည်။

" ‌ဟီရိုရေ .. သားသားလေး ကျောင်းသွား~~ "

မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ဆော့ဂျင်ပါးစပ်ပိတ်ကာ သားသားမတွေ့ခင် တိတ်တိတ်လေး ပြန်လှည့်ထွက်မိသည်။ အဝတ်အစားဗလာနဲ့ ဂျောင်ကုဟာ  အဝတ်အစားမဲ့နေတဲ့ ထယ်ယောင်းရင်ဘတ်ကို မျက်နှာအပ်ကာ နှစ်ယောက်သားထပ်လျက် အိပ်လို့ကောင်းနေတုန်း။  အောက်ပိုင်းကို စောင်‌နဲ့တောင်မခြုံနိုင်ဘဲ ဒီအတိုင်းတွေ အိပ်နေကြတာ။

ဂျောင်ကုကတော့လေ ... ကုတင်ရှိတာ ကုတင်ပေါ်မှာမအိပ်ဘဲ သူ့ထက်သေးတဲ့ထယ်ယောင်းကိုယ်ပေါ်မှာ ဘယ်လိုတောင် အိပ်လိုက်တာလဲ

ဆော့ဂျင်စိတ်ထဲကရေရွတ်လိုက်ပေမဲ့ ပါးစပ်ကတော့ သားသားကိုကြည့်ကာ ချော့မော့လိုက်သည်။

" ညီညီလေးဆီအရင်သွားမယ်နော် ညီညီလေးနဲ့ မန်းမန်းတူတူစားပြီးရင် ဖေကြီးကျောင်းပို့ပေးမယ် ”

ဆော့ဂျင်ချော့မော့ကာ တိုရှီရိုအဆောင်ထဲကနေထွက်လာခဲ့တော့သည်။  ဒီနှစ်တွေထဲမှာ သူနဲ့ဟာရူမီစံလည်း သားတစ်ယောက် သမီးတစ်ယောက်ထွန်းကားခဲ့သည်လေ။

ဆော့ဂျင် ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ကုတင်ပေါ်ကနေ လှုပ်လှုပ်ရွရွဖြစ်လာတဲ့အကောင်ပေါက်လေး။

" အ့ ... ခေါင်းကိုက်လိုက်တာ ~~ "

တိုးတိုးလေးရေရွတ်ရင်း ဂျောင်ကု မျက်ဝန်းတွေဖွင့်မိတော့ အိပ်နေဆဲဖြစ်တဲ့ထယ်ယောင်းကိုမြင်လိုက်ရတာမို့ ဂျောင်ကုပြုံးလိုက်မိသည်။

ထယ်ထယ့်ကို မြင်တာ ခေါင်းမကိုက်တော့ဘူးပဲ ...

ဂျောင်ကုပြုံးရင်း အပျင်းကြောဆန့်မိတော့ သူ့ခါးပေါ်က လက်တွေကို သူသတိထားလိုက်မိသည်။ ခါးပေါ်က ထယ်ယောင်းလက်တွေကို ဖြုတ်ကာ ထယ်ယောင်းကိုယ်ပေါ်ကနေဆင်းပြီး အိပ်ယာပေါ်ထိုင်လိုက်မိတော့ ထယ်ယောင်းဆီက အသံထွက်လာသည်။

Hidden Memory【 Completed 】Where stories live. Discover now