HM 18

3.9K 328 53
                                    


* Unicode *
* HM || Hidden Memory *

“ ထယ်ထယ်ရေ ... ထရအောင် .... ဒီနေ့ခေါ်သွားစရာနေရာရှိတယ် ”

သူနှိုးတော့ ထယ်ထယ့်မျက်ဝန်းတွေက မပွင့်လာဘဲ လက်တွေဆန့်တန်းကာ သူ့တစ်ကိုယ်လုံးကို သိမ်းကျုံးဖက်တော့သည်။

“ ထယ်ထယ်!! ကိုက်လိုက်ရမလား ပြော !! နှိုးနေတာ ထစမ်း!! "

လက်တင်မက ခြေထောက်တွေနဲ့ပါ သိမ်းကျုံးဖက်ထားတော့ ရင်ခွင်ထဲက အကောင်ပေါက်လေးက စွာလာသည်။ သို့ပေမဲ့လဲ ထယ်ယောင်း မျက်လုံးတွေမဖွင့်သေးဘဲ ထိုအကောင်ပေါက်လေးကိုသာ တင်းတင်းကျပ်ကျပ်ဖက်ရင်းပြုံးနေမိသည်။

“ ထယ်ထယ်!! တကယ်ကိုက်ပြီနော် !! ”

စိတ်မရှည်တဲ့ စူအောင့်အောင့်အသံလေးအဆုံး သူ့အင်္ကျီကြယ်သီးကိုဆွဲဖြုတ်ကာ ရင်ဘတ်ပေါ်ကဖောင်းကြွကြွနေရာကို အားနဲ့ကိုက်တော့သည်။

“ အား~~ နာတယ် ... နာတယ်လို့ ... အာအိုကီအိမ်တော်က သခင်လေးက အင်အားကြီးတယ်ဆိုတိုင်း အနိုင်ကျင့်နေတယ် ... တိုင်ပြောမှာနော် ... ”

တမင်သက်သက်လုပ်ယူကာပြောမိတော့ ဂျောင်ကုကခေါင်းထောင်လာသည်။ ထယ်ယောင်းမျက်ဝန်းတွေဖွင့်ကာ ကြည့်မိတော့ စူပုတ်နေတဲ့မျက်နှာလေးက ကြည်လင်ရှင်းသန့်နေသလို ဝတ်ထားတဲ့ရှပ်လေးကလဲ အဖြူရောင်ပင်။

“ အို ... အဝတ်တောင်လဲသွားပြီးပြီလား ကိုယ့်ရဲ့တိုရှီဟီရိုလေးက ... ”

ဂျပန်လိုပြောကာ မေးလိုက်‌မိတော့ ဂျောင်ကုက သတိမထားမိဘဲ ပြန်ဖြေသည်။

“ အင်း ~~ ဒါပေါ့ ထယ်ထယ့်ဖို့ ဆူရှီတောင်လုပ်ပြီးပြီ တူနာငါးလွှာနဲ့ ... ပြီးတော့ အမဲရိုးစွတ်ပြုတ်နွေးနွေး ... ကင်ချီထမင်းကြော် ... ရေညှိလိပ်တွေလဲလုပ်ထားသေးတယ် ... ကျွန်တော်က အစောကြီးနိုးနေတာပါနော် ... ညကလဲ ကျွန်တော့်ထက် အရင်အိပ်ပြီးတော့ .... ”

တတွတ်တွတ်နဲ့ရွတ်သွားတဲ့ဂျောင်ကု ... သူပြုံးလိုက်မိသည်။

Hidden Memory【 Completed 】Where stories live. Discover now