HM 11

3.5K 343 64
                                    

* Unicode *
* HM || Hidden Memory *

လက်နှစ်ဖက်ပိုက်ကာ ဧည့်ခန်းထဲခြေချိတ်ထိုင်နေမိသည်။ မျက်ခုံးနှစ်ခုကို ထိလုမတက်နီးကပ်ကာ တစ်ခုခုကို စဉ်းစားနေမိတဲ့သူ ...။ ဘယ်လိုပဲစဉ်းစားစဉ်းစား တိကျတဲ့အဖြေက ထွက်မလာသလို အမှန်တရားသာဖြစ်ခဲ့ရင် ဘယ်လိုအင်အားမျိုးနဲ့ရင်ဆိုင်ရမလဲဆိုတဲ့အတွေးတွေကသာ ကြီးစိုးနေသည်မို့ လက်ပေါ်မေးတင်ကာ လက်သည်းတွေကို သွားနဲ့ တတိတိကိုက်မိသည်။  သူ အတွေးနယ်လွန်နေတုန်းမှာပဲ သူ့ရှေ့စားပွဲပေါ်ရောက်လာခဲ့တာက

" ( ဖျတ် ) "

" ဒါက ဘာတွေလဲ ထယ်ထယ်  ... ဘာလို့ ကျွန်တော့်ကို မပြောတာလဲ "

သူ့ဘေးနားဝင်ထိုင်ကာ စာရွက်တစ်ချို့ကို ရှေ့ချပေးလာတဲ့ ဂျောင်ကုကြောင့် သူထိတ်ထိတ်လန့်လန့်ကြည့်မိသည်။

" မင်း... ဒါကို ... ဘယ်လိုလုပ် ... "

" ဘယ်ကတည်းကလဲ ... ဘာဖြစ်လို့ ဆေးရုံကိုတစ်ယောက်တည်းသွားတာလဲ ... ဘာဖြစ်လို့ ကျွန်တော့်ကို မပြောပြတာလဲ "

ဖြီးလိမ်းပြင်ဆင်ထားခြင်းမရှိတဲ့ ဂျောင်ကုက သူ့ကို တတွတ်တွတ်ပြောလာတော့ သူ ခပ်ရေးရေးလေးပြုံးလိုက်သည်။ ခပ်အုံ့အုံ့ဆံပင်တွေက မျက်စိအထိ ဝဲကျနေသလို အိပ်ရာထစမို့ မျက်ဝန်းတွေက ခပ်ဖောင်းဖောင်းလေးဖြစ်နေသည်။

" ထွေထွေထူးထူးမဟုတ်တာမို့လို့မပြောဖြစ်တာ ဂျောင်ကု "

" ဘာ ... ထွေထွေထူးထူးမဟုတ်ဘူး .. ဆေးသောက်လို့မပျောက်ရင် ခွဲစိတ်ခန်းဝင်ရမှာက ထွေထွေထူးထူးမဟုတ်ဘူးတဲ့လား ... "

ဂျောင်ကုပြောတော့ သူပြုံးရင်း ဂျောင်ကု စိတ်သက်သာအောင်လက်လေးနဲ့ဆုပ်ကိုင်ကိုင်လိုက်သည်။

" အွန်း ... ရိုးရိုးအကြိတ်ပဲဟာကို ... ဗိုက်အောင့်နေလို့ သတိထားမိမိချင်း ဆေးရုံသွားခဲ့တာလေ .. ပြီးတော့ ကိုယ်လဲ မနေ့ကမှသိတာ  ... မင်းကလဲ ဒီနေ့မှ သိတာလေ ကိုယ်တမင်သက်သက်မပြောတာမဟုတ်ပါဘူး "

Hidden Memory【 Completed 】Where stories live. Discover now