HM 16

3.3K 361 76
                                    

* HM || Hidden Memory *

အခန်းထဲက ပန်းချီကားချပ်ကြီးကြီးတွေကို သူတမော့တမောကြည့်နေမိသည်။ နံရံပတ်ပတ်လည်ပေါ်က ရှစ်နှစ် ကိုးနှစ်အရွယ်ကောင်လေးတစ်ယောက်ရဲ့ ပုံတူပန်းချီတွေက အနှံ့.....။

“ ငယ်ငယ်တုန်းကလဲ ထယ်ထယ်ကချစ်ဖို့ကောင်းတာပဲ ”

တမြောတမ်းတစွာနဲ့ ရေရွတ်ကာ နံရံထက်က လေးထောင့်ဆန်ဆန်အပြုံးလေးတွေနဲ့ကောင်လေးကို သူစိုက်ကြည့်မိသည်။ ဟုတ်ပါရဲ့ ... ထယ်ထယ့်စကားအရ အိမ်ကြီးရဲ့မြေအောက်စတိုခန်းမှာ ထယ်ထယ့်မမဆွဲထားတဲ့ပန်းချီလေးတွေရှိတယ်ဆိုလို့ သူ သွားရှာကာ ဂျပန်ကိုသယ်လာခဲ့သည်။ ထယ်ထယ့်ကိုဂျပန်ခေါ်ပြီး အတူတူနေဖို့ပြင်ဆင်ထားတဲ့အပြင် ပန်းချီကားလေးတွေအတွက်လဲ သီးသန့်အခန်းပြင်ဆင်ထားခဲ့သည်။ အခု ဒုတိယအကြိမ်အက်ဆီးဒင့်အပြီးမှာ သူဘယ်လက်ရဲ့လက်ကောက်ဝတ်အားကို အသုံးမပြုနိုင်တော့သည်မို့ ပန်းချီဆွဲဖို့မလွယ်ကူတော့။ ညာလက်ကလှုပ်ရှားရပေမဲ့ ပန်းချီပြန်ဆွဲဖို့ဆိုတာကတော့ အလှမ်းဝေးသွားခဲ့ပြီလေ ....

ပန်းချီတွေကို ကြည့်ပြီး ဂျောင်ကု ခပ်ဖျော့ဖျော့လေးပြုံးနေမိသည်။ ထိုခဏ ... သန့်ရှင်းရေးလုပ်ဖို့ ဝင်လာဟန်ရှိတဲ့အိမ်တော်က အလုပ်သမားနှစ်ယောက် .... သူ့ကိုမြင်ပုံမပေါ်။ မြင်နေရင်လဲ ဝင်လာရဲမှာမဟုတ်။ အခုတလော အားလုံးကို သူကမောင်းထုတ်ထားသည်လေ...။

" မာယိုကို ... ကြားမိလား ... သခင်လေးတိုရှီအာကီက ကိုးရီးယားကနေ ကောင်လေးတစ်ယောက်ကိုဖမ်းခေါ်လာတယ်တဲ့ "

ပန်းချီကားတွေကို ဖုန်သုတ်နေရာကနေ စကားစတော့ သူ့နားအလိုလိုစွင့်သွားရသည်။ အဓိကက ကိုးရီးယားကနေ အစ်ကိုကြီးလူတစ်ယောက်ဖမ်းခေါ်လာတယ်ဆိုတဲ့အကြောင်းပြချက်ကြောင့်ပင်။

“ ဟင် ဟုတ်လား ... ညက မြေအောက်ခန်းကိုသုံးတယ်လို့တော့ကြားပေမဲ့ ဒီအတိုင်း သစ္စာဖောက်တွေအတွက်လို့ထင်လိုက်မိတာ ... "

” မာရိုကို ငါပြောပြမယ် သိလား .. အခုဖမ်းလာတဲ့ကောင်လေးက ဟို .. ငါတို့ ဟီရိုဆောင်မှာ နာမည်ပြောလို့မရတဲ့ တစ်ယောက်လေ "

Hidden Memory【 Completed 】Where stories live. Discover now