HM 03

4.5K 475 45
                                    

* Unicode *
* HM || Hidden Memory *






“ ဂျောင်ကု .... ဒီနေ့အလုပ်မဆင်းဘူးလား ... ကိုးနာရီကျော်ပြီလေ .... "

Cerealတွေကို ဒိန်ချဉ်နဲ့ရောနေတဲ့ ဂျောင်ကုကိုကြည့်ပြီး သူစကားစမိသည်။ အတူတူရှိနေတာတောင် သူ့ကိုလျစ်လျူရှုထားတာမို့ သူမကျေနပ်။ အနည်းဆုံး ဂျွန်ထယ့်ဆီက အဆဲခံရရင်တောင် တိတ်ဆိတ်နေတဲ့အခြေအနေမဟုတ်ဘူးလေ...။

“ ပါးစပ်ပိတ်ထား !! "

ထင်တဲ့အတိုင်း ပိတ်ဟောက်တော့ သူငြိမ်မယ်ထင်ပါသလား။ ဆောရီးပဲ ....  ကင်ထယ်ယောင်းတို့က ဘယ်တော့မှ သူများထိန်းချုပ်တာ မခံဘူး ...။

“ ဒီခါးက ဒဏ်ရာကို ဆေးထည့်ထားပေးတာ မင်း မဟုတ်လား ... ပြီးတော့ ... ဒီနားရွက်ကဟာရော ... မင်းပဲ လုပ်ပေးတာမလား ... ပြီးတော့ ကိုယ့်ကို ဌာနပြောင်းမယ်ဆို .... ဘယ်ကိုပြောင်းမှာလဲ.... မဟုတ်မှ မင်းရုံးခန်းထဲမှာတော့ မဟုတ်ပါဘူးနော် ... "

ဆက်တိုက်စကားတွေပြောနေတဲ့ ထယ်ထယ့်ကိုကြည့်ပြီး နွားနို့လောင်းထည့်နေတဲ့လက်တွေရပ်သွားသည်။ ကြည်တောက်နေတဲ့ထယ်ထယ့်မျက်ဝန်းတွေက ငိုထားလို့ ဖောင်းနေတာသိတော့ သူ့ရင်ထဲဆစ်ကနဲ့။ အဲ့ဒီလိုပဲ ... တဆက်တည်း သူတွေးလိုက်မိတာက ... အဲ့ဒီ့အကြည့်တွေကို သူမုန်းသည်။

“  ..ဘာလဲ ... ဘာဖြစ်လို့လဲ ... မဟုတ်မှ... မင်း.. အွန့် .... "

ထပ်ပြောဖို့ကြိုးစားပေမဲ့ ထယ်ယောင်းပါးစပ်ထဲ ဝင်လာက Cerealနဲ့နွားနို့ကိုရောထားတဲ့ မနက်စာ တစ်ဇွန်း။ ပြီးတော့ .... သူ့အရှေ့ကနေ ရေခဲသေတ္တာဆီဦးတည်သွားတဲ့ ဂျွန်ထယ်။ ပြန်လာတော့ လက်ထဲမှာ ဘူးသုံးဘူးလောက်ပါလာသည်။ သူကြည့်မိတော့သစ်သီးဘူးတွေ။

ပန်းသီးရယ် ... စပျစ်သီးရယ်... စတော်ဘယ်ရီသီးလေးတွေရယ် ....

ထို့နောက် အသင့်လုပ်ထားပြီးသား Cerealနှစ်ပန်းကန်ထဲက တစ်ခုထဲကို ရောထည့်လိုက်သည်။ အဲ့ဒီ့နောက် အသီးတွေပါတဲ့ဟာကို သူ့ရှေ့ထိုးပေးလာတဲ့ဂျွန်ထယ်။ သူအံ့ဩသွားရသည်။

Hidden Memory【 Completed 】Where stories live. Discover now