2

1.9K 171 4
                                    

Jennie coffe shopက ပြန်လာတော့ သူမကိုလိုက်ရှာနေသော ommaကိုတွေ့သဖြင့်

"Omma......... ”သူမပြေးဖက်လိုက်သည်

"Jennလေးဘယ်သွားနေတာလဲ.....ommaကလိုက်ရှာနေတာ......”

"ဒီနားက coffeeဆိုင်ကပြန်လာတာပါomma....ရဲ့....”

"အင်း နောက်တခါဆို မပြေးရဘူးနော်....ommaသမီးလေးမောနေပါဦးမယ်......” သူမကိုစိတ်ပူစွာ ဆိုလာသဖြင့်

"အာ ommaကလည်း Jennကဘာမှမဖြစ်ပါဘူး...တကယ်....မမောပါဘူး....ခုနက သွေးဖောက်ထားတာနာနေတယ်......ommaနော် ကတိအတိုင်း ဝက်သားပြားကြော်ကျွေးဘဲ.....” သူမအသီးအနှံကိုသာအဓိကထားစားရသဖြင့် ဒီလိုနေ့မျိုးမှာပူဆာရခြင်းဖြစ်သည်

" Arigoo ommaသမီးချွဲစိန်လေး..... ကြည့်စမ်းအပြင်သွားတာ မာဖလာလည်းမယူသွားဘူး......အေးနေပြီလား......”

"ဟီးဟီးမေ့သွားလို့ပါ......ommaရဲ့......”

"ကဲလာအိမ်ပြန်ရအောင်......... ”
............................................

အိမ်ပြန်ရောက်တော့
"ဟက်ချိုး...........” သူမနှာချေနေသဖြင့်

"Jennလေး အအေးမိပြီထင်တယ်....... စားပြီးရင် ဆေးကြိုသောက်ရမယ်နော်.....” ဟုဆိုကာ ommaက ဆေးသွားယူနေသည်.....

"ကဲ ရော ဆေးသောက်......”

"Omma ဆေးကြီးဘဲသောက်နေရတာ မသောက်ချင်တော့ဘူး.......”

"အဲ့ဒါ ဆိုသမီးလေးကနှလုံးအစာထိုးကုသဖို့လက်ခံလိုက်လေ...သမီးရဲ့....”

"..................................” သူမဘာမှပြန်မပြောသဖြင့်

"သမီး ommaကိုမသနားဘူးလား..... သမီးဘဲသာမန်လူတွေလိုနေချင်တယ် ခုန်ပေါက်ပြေးလွှားချင်တယ်ဆို....... နှလုံးအစားထိုးကုသမှုခံယူရအောင်...”

"Omma သမီးရဲ့ကိုယ်ပိုင်နှလုံးသားနဲ့ဘဲနေချင်တယ်.... ဒီနှလုံးသားစေခိုင်းတဲ့အတိုင်းလေးဘဲနေပါရစေ...
တခြားသူတစ်ယောက်ရဲ့နှလုံးသားနဲ့အသက်မရှင်ချင်ဘူး.......” သူမငိုကာပြောနေသဖြင့်

"သမီးလေးရယ်.......ommaသာ ဒီရောဂါဖြစ်လိုက်ပါတော့လား....” သူမကိုယ်လေးကို ထွေးဖက်ကာ ommaကပါမျက်ရည်ကျနေသည်....

Last SnowWhere stories live. Discover now