42

1.6K 166 41
                                    

Lisaမှာ Chaeyoung ထံမှဖုန်းရပြီးချင်း Jennieထံသို့ဖုန်းဆက်လိုက်သည်

"Jennieyar..  Chaeyoung... ဖုန်းဆက်လာတယ်... ”

"ဟင်...ဟုတ်လား...အခုသူဘယ်မှာရှိနေလဲဟင်..အဆင်ရောပြေရဲ့လား...ဘာပြောသေးလဲ...”

"အင်း အဆင်ပြေပါတယ်..နင့်အကြောင်းမေးလို့ငါပိုပိုသာသာလေးပြောလိုက်သေးတယ်..ဟဲဟဲ..ဘာမှစိတ်မပူနဲ့သိလား သူက ခုswissမှာတဲ့ဟ...”
Jennie Lisaထံမှသိသိချင်း ဖုန်းချကာ

"Omma. ..omma. .Dr. ကြီးက အခုSwissမှာဘဲရှိနေသေးတယ်တဲ့ Jennတို့လိုက်သွားကြရအောင်နော်... ”

"အဲ့ဒါ ဆို omma လက်မှတ်စီစဥ်လိုက်မယ်သမီး မနက်မှလိုက်သွားကြတာပေါ့..ခုပြင်ဆင်စရာရှိတာသွားပြင်ဆင်ထားလိုက်ဦး....”
Jennie ommaထံမှခွင့်ပြုချက်ရသဖြင့် ပေါ့ပါးသောခြေလှမ်းများဖြင့် အခန်းထဲဝင်ကာ အထုတ်အပိုးများထည့်နေလိုက်သည်..ဖြစ်နိုင်လျှင်ခုချက်ချင်းတောင်လိုက်သွားလိုက်ချင်သည်..

.....................

Chaeyoung အင်ချွန်းလေဆိပ်အတွင်း​ခြေချလိုက်သည်နှင့်တပြိုင်နက် Lisaအားဖုန်းဆက်လိုက်သည်

"Lisaya...ငါ့ကို လေဆိပ်မှာလာကြိုဖို့ကားတစ်စီးလောက်လွှတ်ခဲ့ပေးနိုင်မလား....”

"ဟင်...ဘယ်လို..ဘယ်လို...နင် ကိုးရီးယား ပြန်ရောက်နေပြီလား...ဟိုက်...သေပြီ.... အေ...ငါ့မန်နေဂျာကို လာကြိုခိုင်းလိုက်မယ်... Chaeyoungar..နင်ဘယ်မှမသွားလိုက်နဲ့ အဲ့မှာဘဲ စောင့်နေနော်...”

"အင်းပါ.... သိပ်မကြာစေနဲ့နော် ငါ....”

Chaeyoung စကားပင်မဆုံးခင်လိုက်
Lisaဖုန်းကိုချလိုက်ပြီးJennieတို့မိသားစုအားလေဆိပ်လိုက်ပို့နေသည့် Jisooအားဖုန်းဆက်လိုက်သည်...
စိတ်ထဲမှလည်း လေယာဥ်မထွက်သေးပါစေနဲ့ဟုဆုတောင်းနေမိသည်...

Jisoo ဖုန်းကိုင်တော့
"Honeyရေ...chaeyoung က ခုပြန်ရောက်နေပြီတဲ့ ခု Jennie လေဆိပ်ရောက်ပြီလား... အကုန်လွဲကုန်တော့မှာဘဲ... ”

"ရောက်တော့မှာ.. ဟမ်..Chaeyoungက .ရောက်နေပြီလား..တော်သေးတာပေါ့.. အခုကားပိတ်နေလို့လေဆိပ်မရောက်သေးတာကိုကျေးဇူးတင်ရမယ်....”
Jisooစကားကြောင့် Jennieမှာ

Last SnowWhere stories live. Discover now