40

1.6K 153 23
                                    


📨📨📨
"Lisaနဲ့ soo ငါ နင်တို့ပြောနဲ့အတိုင်း မျက်နှာချင်းဆိုင်မေးဖို့အားမရှိခဲ့ဘူး...
Jennက သူတို့ ၂ယောက် တကယ်ဘဲချစ်နေကြတယ် လို့ သူကိုယ်တိုင်ဖွင့်ပြောခဲ့ရင်
ငါမခံစားနိုင်မှာစိုးလို့ပါ....

ငါ့ဘဝမှာ Jennကို စွဲစွဲလန်းလန်းချစ်ခဲ့တာပါ..
သူပျော်ဖို့ဆိုရင် ငါဘာမဆို လုပ်ပေးဖို့အဆင်သင့်ပါ...
ငါက Jennလေးရဲ့ နှလုံးသားကို အစားထိုးပေးနိုင်ပြီး သူ့ဘဝကိုပျော်ပျော်ရွှင်ရွှင်နေသွားနိုင်ဖို့ဘဲ အစကတည်းကမျှော်လင့်ခဲ့တာပါ...
ခုငါမရှိရင်လည်း သူပျော်ရွှင်နိုင်ပါပြီ....
ငါ့လက်နဲ့ခွဲစိတ်ပေးခဲ့တဲ့နှလုံးသားတစ်စုံ ကို နာကျင်အောင်ငါမလုပ်ရက်ပါဘူး သူ့နှလုံးသားလေးခေါ်ဆောင်ရာနောက်ကို လွတ်လွတ်လပ်လပ် လိုက်နိုင်အောင် ငါဒီနိုင်ငံကနေထွက်သွားတော့မယ်.... နင်တို့ကိုကိုယ်တိုင်နှုတ်မဆက်နိုင်ခဲ့တာ ငါ့ကိုခွင့်လွှတ်ပါ....
တစ်ချိန်ချိန်မှာထပ်ပြီးဆုံကြဦးမယ်ထင်ပါတယ်...
နင်တို့ရဲ့ ထာဝရChaeyoung.....📨📨📨

Lisa မှာစာကိုဖတ်ရင်းငိုနေမိသည်...
သူ့အတွက် chaeyoung ဆိုသည်မှာသူငယ်ချင်းလည်းဟုတ် မိသားစုဝင်တစ်ဦးလည်းဟုတ်ခဲ့သည်...

Jisooက စာကို အလျှင်အမြန်ဖတ်လိုက်သည်ပြီးနောက်
Jisooမှာ စာများကိုကိုင်ကာ
Lisaသွားရအောင်...Jennieအိမ်ကိုမြန်မြန်မောင်း....

Lisaလည်း ကားကို Jennieအိမ်ရှေ့သို့အမြန်မောင်းခဲ့လေသည်.....
Jennie၏ မိခင်မှာလည် သတင်းကိုကြည့်ကာ မယုံနိုင်အောင်ဖြစ်နေလေသည်...
Jisoo နှင့် Lisaကို တွေ့တော့ ထိုင်ရာမှထကာ

"ဒါကဘယ်လိုဖြစ်တာလဲဟင်.....Jennလေးနဲ့ Bobbyက... ယောင်းအခုဘယ်မှာလဲ...ယောင်းရောတွေ့ပြီးပြီလား...”

Jisooက ခေါင်းကိုခါယမ်းရင်း
"Jennieရော... သူဘယ်မှာလဲ... ”
Jisooအသံကြားတော့ Jennieအခန်းထဲမှထွက်လာပြီး အပေါ်ထပ်မှ  ဆင်းလာသည်

Jisooက Jennieအား
"Jenn ဘာတွေဖြစ်ကုန်တာလဲ...unnie သေချာမှာထားရက်နဲ့ Bobbyကို သတိထားပါဆိုနေ...ခုတော့ သတင်းကထွက်လာပြီ.ဒါအမှန်မဟုတ်ဘူးမလား.....”

"Unnieဒါအမှန်တွေဆို Unnieပျော်ရမှာမဟုတ်ဘူးလား.... unnieရဲ့ယောင်းနဲ့တူတူနေလို့ရပြီလေ...”

Last SnowWhere stories live. Discover now