45

1.6K 150 13
                                    

"Ready ဘဲလား ချာတိတ်...” ဟုဆိုကာ လက်ကလေးကမ်းပေးနေသော သူ့ကို ကြည့်ပြီး Jennieပြုံးပြကာ သူ့လက်လေးကို ပြန်ကမ်းပေးလိုက်တော့ သူက နူးညံ့စွာဆုပ်ကိုင်လိုက်သည်....
အခန်းတံခါးကိုဖွင့်လိုက်တော့ တအိမ်လုံးမီးများကို ပိတ်ထားလေသဖြင့် အနဲငယ်မှောင်နေသည်.....

​လှေခါးတစ်လျှောက် ဖယောင်းတိုင်မီးများထွန်းညှိထားကာ နှင်းဆီပွင့်ဖတ်အနီလေးကိုလျှောက်လမ်းတစ်လျှောက်ကြဲထားလေသည်.

Jennie သူ့ကို လှမ်းကြည့်လိုက်တော့ သူက မျက်ခုံးများကိုမြှင့်ကာ ဘယ်လိုလဲဆိုသည့်သဘော ဖြင့်လှမ်းကြည့်လာသဖြင့်

"Woww. ..Dr. ကြီးဒါတွေဘယ်လို့ပြင်ဆင်ထားတာလဲ လှလိုက်တာ......  ”

"ဒါအစဘဲရှိသေးတယ် ချာတိတ်ရဲ့....အပြင်ထွက်ကြရအောင်...”

ခြံထဲရောက်တော့ သစ်ပင်ရိပ်တွင် ဆောက်ထားသော သုံးချောင်းထောက် တဲကလေးတစ်လုံးကိုတွေ့လိုက်ရသည်....
အပြင်မှကြည့်လျှင်အမဲရောင်ဖြစ်သော်လည်း အထဲတွင် ပိတ်စအဖြူလွလွကလေးများဖြင့် ကာရံထားကာ  နှစ်ယောက်ထိုင် Sofaလေးတစ်လုံးနှင့်စားပွဲပုလေးတစ်လုံးကိုလည်းချထားသေးသည်.....

ခပ်လှမ်းလှမ်းမှ မီးသွေးဖို တစ်ခုနှင့် ထမင်းစားစားပွဲတစ်လုံးနှင့်စားပွဲပေါ်တွင်ရေခဲထည့်ထားသောချိုင့်တစ်လုံးနှင့်ချိုင့်ထဲတွင်စိမ်ထားသည့် ရှန်ပိန်ပုလင်းကိုတွေ့လိုက်ရသည်

"Woww. Debak. ....Dr. ကြီး. ဒါတွေအကုန် တစ်နာရီအတွင်းစီစဥ်ထားတယ်ပေါ့လေ.....”

သူကသူမကို တဲအတွင်းသို့ခေါ်သွားကာ ဆိုဖာပေါ်တွင်ထိုင်စေလိုက်သည်.....
Jennie ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး တဲအတွင်းကိုသေချာကြည့်လိုက်တော့ မီးရောင်စုံလေးများချိတ်ဆွဲထားပြီး စားပွဲပေါ်တွင် လည်း ပန်းများထိုးထားသည့် ပန်းခြင်းတစ်​ခြင်းကိုတွေ့လိုက်ရသည်...

ထိုပန်းကို နမ်းကြည့်ရန်စိတ်ကူးပြီး ငုံ့နမ်းရန်ပြင်နေစဥ်

"ရော့.....ချာတိတ်အတွက်......”
ဟုဆိုကာ
ပန်းစည်းလေးတစ်စည်းကိုကမ်းပေးလိုက်တော့ သူမအနည်းငယ်အံ့အားသင့်သွားသည်...
နှင်းဆီရောင်စုံဖြင့် ကြယ်ပန်းကလေးများကို အလှဆင်ထားသည့်ပန်းစည်းကိုလှမ်းယူလိုက်ကာ  တစ်ချက် နမ်းရှိုက်လိုက်သည်...
ပန်းရနံ့သင်းသင်းလေးကြောင့်စိတ်များပိုမို
ပေါ့ပါးကြည်လင်လာသည်

Last Snowजहाँ कहानियाँ रहती हैं। अभी खोजें