31

1.7K 155 14
                                    

Swissတွင် နှစ်ပတ်ခန့်လည်ပတ်ကြပြီးနောက် Chaeyoung တို့ ကိုးရီးယား သို့ပြန်လာခဲ့ကြသည်....

Ring📞📞📞📞ring📞📞📞
ခရီးရောက်မဆိုက် Lisaက ဖုန်းဆက် လာလေသည်....

"Chaeyoungar.....နင်တို့ကလည်းswissသွားတာငါ့ကိုတောင်မပြောသွားဘူးSNSမှာပုံတင်မှငါသိရတယ်....” စလာတာနှင့် Lisaက ရန်တွေ့လေတော့သည်

"အာ....Lisayar sorryပါဟာ.... ငါတို့အလောတကြီးသွားလိုက်တာဆိုတော့မပြောသွားလိုက်ရဘူး...ဒါပေမဲ့လက်ဆောင်ပါပါတယ်ဟ....”

"အော်...ငါ..မပြောချင်ဘူး မပါလို့ရောရမလား.... သူငယ်ချင်း တစ်ယောက်ထဲရှိတာကို လက်ဆောင်မပါရင် ကိုးရီးယား မြေမှာ ခြေချဖို့စိတ်မကူးနဲ့....”

"ဟားဟား......ဟား.... ဒါနဲ့ဘာပြောဖို့လဲ...ဖုန်းဆက်တာ....”

"ညနေကျရင် ညစာတူတူစားကြမလားလို့... ငါအရေးကြီးပြောစရာရှိလို့ Jennieပါခေါ်လာလေ....”

"အာ....ညနေလား....ငါ...ပြန်မရောက်....”

"Yarr. .. နင်ဒီမနက်ပြန်ရောက်တာငါသိပြီးပြီ ငါ့ကိုလှိမ့်မယ်မကြံနဲ့ Park chaeyoung.... ည၇နာရီဆုံနေကြနေရာမှာဆုံမယ်...” ဟုပြောကာဖုန်းချသွားသည်

Chaeyoung မှာ သူပြန်ရောက်နေတာရော swissသို့ရောက်နေသည်ရော Lisaမည်ကဲ့သို့သိသွားမှန်းစဥ်းစားမရသဖြင့် ဖုန်းကိုဖွင့်ကြည့်လိုက်တော့ SNSတွင်

Jennieတင်ထားသည့် Alpineတောင်နောက်ခံနှင့် သူတို့နှစ်ဦးတွဲပုံ နှင့် အင်ချွန်လေဆိပ်တွင် သူ့နောက်ကျောကို ရိုက်ထားသည့်ပုံကိုတွေ့လိုက်ရလေသည်.....
Chaeyoung သူတို့ နှစ်ယောက်တွဲပုံလေးကိုသေချာကြည့်ကာ ပြုံးလျက် likeနှိပ်လိုက်လေသည်.....

.............................................

Chaeyoung တို့ ည၇နာရီ မထိုးခင် Lisaနှင့် ချိန်းထားသည့် restaurantသို့ရောက်လာခဲ့သည်..
Lisaက တစ်ဆိုင်လုံးငှားထားသဖြင့် သူတို့ နှစ်ဦးသာရှိနေသည်... Lisaကတော့မရောက်သေးပေ...

စားပွဲထိုးလေးက ဝိုင်လာချပေးသဖြင့် Lisaအားစောင့်ရင်း သူတို့နှစ်ဦး ဝိုင်သောက်နေကြလေသည်...

၇နာရီတိတိတွင် Lisaက ဆိုင်ထဲဝင်လာရင်း

"Chaeyoungar....  လက်ဆောင်က ငါမကြိုက်တာဆိုလို့ကတော့ နင်သေပြီသာမှတ်... ” ဟုအော်ပြောနေလေသည်...

Last SnowDonde viven las historias. Descúbrelo ahora