19

1.7K 146 15
                                    

Chaeyoung တို့လက်ထပ်ပြီးသည်မှာယခုဆိုလျှင်၃လပင်ပြည့်တော့မည်ဖြစ်သည်......
Jennieနှင့်ကိုက်ညီသည့်နှလုံးအလှူရှင်နှင့်လည်းချိတ်ထားမိပြီဖြစ်သည်....

နွေဦးသို့ရောက်ရှိလာပြီဖြစ်သဖြင့် Jennie ကို ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခိုင်းရန် chaeyoung စဥ်းစားမိသည်... သို့မှသာ ခွဲစိတ်မှုအတွက် သူမပိုမိုခံနိုင်ရည်ရှိမည်ဖြစ်သည်.....

ထို့ကြောင့် နံနက်စောစောထကာ Jennie အား

"ချာတိတ် လမ်းလျှောက်ကြရအောင်လေ......ထတော့.....”

"အာ........အစောကြီးရှိသေးတာကို....မထချင်သေးဘူး.....”

"ဘယ်နှယ့်အစောကြီးရှိရမှာတုန်း ချာတိတ်ရ ၆နာရီထိုးနေပြီ...ထတော့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလေးဘာလေးလုပ်တော့ မင်းခွဲစိတ်မှုခံယူတဲ့အခါ အဆင်ပြေတာပေါ့...... ထပါကွာ....”သူဘယ်လောက်နှိုးနှိုးသူမကစောင်ပုံထဲမှမထွက်သေး.... ပြန်၍ပင်အိပ်ပျော်သွားသဖြင့်

"ကောင်းကောင်းပြောတာကိုမထဘူးပေါ့လေ.....တွေ့မယ်.....” သူမကိုယ်ကလေးကိုဆက်ခနဲသူပွေ့ချီလိုက်သည်... သူမက မျက်လုံးများကို မဖွင့်ဘဲ သူ့လည်တိုင်ကိုဖက်လိုက်သည်...

"ချာတိတ် မထသေးဘူးလား......၅အထိရေလို့မှမထသေးရင် ကိုယ့်အဆိုးမဆိုနဲ့နော်.....” သူမကမျက်လုံးမဖွင့်လာသေးသဖြင့် သူခြေလှမ်းများကရေချိုးခန်းဆီသို့ဦးတည်လိုက်သည်....

"၁........”

"၂......”

"၃.....” သူbathtube ထဲရေဖွင့်လိုက်သည်....
ရေသံကြားမှပင် သူမကမျက်လုံးကိုအလန့်တကြားဖွင့်ကာ

"ဟိုးထား....ဟိုးထား ထပြီလို့....”

"အဲ့ဒါ ဆို မျက်နှာသစ်ပြီးအဝတ်အစားလဲပြီးထွက်လာ.... ကိုယ်အပြင်မှာစောင့်မယ်... ၁၀မိနစ်အချိန်ပေးမယ်နော်.... ၁၀မိနစ်ကျော်ရင် သိတယ်မဟုတ်လား...ဟင်းဟင်းဟင်း... ” ဟုဆိုတော့ သူမက မျက်စောင်းလှမ်းထိုးကာ

"သိပါပြီ....သွားတော့.....” ဟုဆိုသဖြင့်သူရေဘူးကိုယူကာ ဧည့်ခန်းတွင် ထိုင်စောင့်နေလိုက်သည်....

10minute later. .......

Jennie အားကစားဝတ်စုံအနက်က​လေးဝတ်ပြီးထွက်လာသည်....

Last SnowWhere stories live. Discover now