24

2.1K 163 9
                                    


Chaeyoung VIP room ​ရှေ့တွင်ရပ်ပြီး အထဲဝင်လိုက်တော့ Jennieတစ်ယောက် chaeyoung ကိုတွေ့သည်နှင့် ကုတင်ပေါ်တွင် ကမန်းကတန်း ဝင်အိပ်လိုက်သည် ကိုတွေ့လိုက်ရသည်

"ချာတိတ်ကအတော်လေးသက်သာလာပြီနော်...ဆေးရုံ ဆင်းချင်နေပြီလား....” သူကမေးလိုက်တော့

"အာ..မသက်သာသေးပါဘူး.... မဆင်းသေးဘူး... နေဦးမှာ....”

"နဖူးမှာလဲချွေးတွေနဲ့..  ချာတိတ်ကအပြင်သွားထားသေးတာလား....”

"ဟမ်.... ချွေး... မသွားပါဘူး..... ဒီမှာထတောင်မထနိုင်တာကို အပြင်တောင်မထွက်နိုင်ဘူး.....”

Chaeyoung စားပွဲပေါ်ရှိ မျက်မှန်ကို မျက်လုံးဝေ့ကြည့်လိုက်ပြီး...

" အို ဟုတ်လား...ဒါဆို မျက်မှန်ကဘာလို့ ......” သူ့စကားမဆုံးခင်သူမက

"Omma. .ommaကျန်ခဲ့တာ..... Dr. ကြီးရာ စကားအရမ်းများတာဘဲ ဒီမှာ ဖြေရတာ မောလာပြီ......”

" အဲ့ဒါ ဆို အသက်ကူရှူပေးရမလား......” ဟုဆိုကာ သူက သူမအနားတိုးလာသဖြင့် Jennieစောင်ကို ဆွဲတင်လိုက်ပြီး မျက်လုံးနှစ်လုံးလောက်သာဖော်ကာ

"ရတယ်..ရတယ်.... ဟို..ရေ..ရေဘဲပေး.....” ဟုဆိုတော့  chaeyoung ကပြုံးကာ ရေဘူးလှမ်းပေးလိုက်ကာ

"ခုနက nurseတစ်ယောက်ပြောတယ်သိလား... ဆေးရုံထဲမှာ စ်တ်မနှံ့တဲ့မိန်းကလေးတစ်ယောက် မျက်မှန်ကြီးတပ်ပြီး  လိုက်သွားနေတယ်တဲ့.... အဲ့ဒါ ချာတိတ် အပြင်ထွက်ရင်လည်းသတိထားဦးနော်... သူက စိတ်မနှံ့တော့ တော်ကြာ တခုခုလုပ်သွားဦးမယ်.. ကိုယ် canteenသွားလိုက်ဦးမယ်..”
ထိုစကားကြောင့် ရေသောက်နေသော Jennieတစ်ယောက် သီး၍ပင်သွားလေသည်..

Chaeyoung Jennieကို ကျောခိုင်းကာ ကျေကျေနပ်နပ်ကြီး ပြုံးကာ ထွက်သွားလေတော့သည်

Chaeyoung ထွက်သွားတော့မှ
"ဟင်...ငါ့ကိုများစိတ်မနှံ့တဲ့သူတဲ့....  ဘယ်မှာစိတ်မနှံ့တဲ့သူနဲ့တူနေလို့လဲ....” ဟုဆိုကာ.. စားပွဲပေါ်ရှိ မျက်မှန်ကို ကောက်တပ်ကာ မှန်ကလေးထုတ်ကြည့်လိုက်ရင်း

"ဒီလောက်ကြည့်ကောင်းတာကို.... စိတ်မနှံ့တဲ့သူနဲ့တူစရာလား......”

Last SnowWhere stories live. Discover now