36

1.3K 132 8
                                    


ခနအကြာ အထုပ်အပိုးများဖြင့်ပြန်ရောက်လာပြီး ကားနောက်ခန်းထဲ ပစ္စည်းများကိုထည့်ကာ

"ကဲ.... Readyဘဲလား.....သွားဖို့....”
Jennieကို ပြုံးရင်းမေးလိုက်သည်..

"Ready. .....”

"Let's go. ...”
ကားကိုမြို့ပြင်သို့ဦးတည်လိုက်သည်...
မြို့ပြင်ရောကိလာသည်နှင့်အမျှမြင်ကွင်းများကပြောင်းလဲလာသည်....စိမ်းလန်းသောတောတောင်များကိုကြည့်ကာ Jennie စိတ်များလန်းဆန်းတက်ကြွလာသည်...

Chaeyoung ခပ်လှမ်းလှမ်းမှမြင်နေရသော တောင်ခြေတစ်နေရာတွင်ကားကိုရပ်လိုက်ကာ

"ရောက်ပြီချာတိတ်....”
ညနေစောင်းသာရှိသေးသဖြင့်
အလင်းရောင်ရှိတုန်း တဲထိုးရန် ကားနောက်ခန်းထဲ မှဝယ်လာသော tent ကို ထုတ်ကာ တပ်ဆင်လိုက်သည်...

အားလုံးပြီးတော့ ဂတ်စ်မီးဖိုအသေးကလေးကိုထုတ်ကာ ရေနွေးတည်လိုက်သည်....

Jennieက tentထဲဝင်ကာ မီးသီးများအလှဆင်နေသဖြင့် ညဘက်သားကောင်များနှင့်ခြင်များရန်မှကာကွယ်ရန် မီးပုံတစ်ပုံမွှေးထားမှဖြစ်မည်ဖြစ်သည့်အတွက် Chaeyoung အနီးအနားရှိသစ်ကိုင်းခြောက်များလိုက်ကောက်လိုက်သည်....
ထို့နောက်မီးမွှေးပြီး ညစာစားရန်အတွက် ပြင်ဆင်နေလိုက်သည်...
ညစာကတော့ ရိုးရိုးရှင်းရှင်း ခေါက်ဆွဲပြုတ်နှင့် ကော်ဖီပင်ဖြစ်သည်....

ညစာစားချိန်တွင်မိုးစုံးစုံးချုပ်သွားပြီဖြစ်သဖြင့် ကောင်းကင်ထက်တွင် ကြယ်ကလေးများ တစွန်းတစထွက်လာပြီဖြစ်သည်......

"ကဲဘယ်လိုလဲ..... တိတ်ဆိတ်နေတာဘဲဆိုတော့ အိပ်ရဲရဲ့လားချာတိတ်....”

"အင်း.... ဒီမှာနေရတာ ငြိမ်းချမ်းလိုက်တာ..... ဒီနေရာကိုဘယ်လိုသိတာလဲ....”

"အော်.... ဒီတိုင်းဖြတ်သွားဖြတ်လာရင်းနဲ့ ဒီနေရာလေးမှာ တနေ့တော့ ဒီလိုလေးလာနေဦးမယ်လို့တွေးဖူးတာ...ခုမှအကောင်အထည်ဖော်ဖြစ်တာ....”

အပြင်မှ မီးပုံထဲမှ ထင်းချောင်းများမီးလောင်ကျွမ်သံတဖြောက်ဖြောက်နှင့်ပုရစ်အော်သံတကျီကျီကိုနားထောင်ရင်း Jennie နှစ်ခြိုက်စွာပင် အိပ်ပျော်သွားသည်....

Last SnowWhere stories live. Discover now