26

1.7K 148 18
                                    

ယောင်းဆိုသည့်အသုံးအနှုန်းက လောကကြီးထဲတွင်ခေါ်သူ၂ယောက်သာရှိသည့်အတွက် chaeyoung မော့ကြည့်လိုက်သည်...


"Soo. .........” နှုတ်မှသူမနာမည်ကိုတီးတိုးရေရွတ်လိုက်မိသည်.....

"မတွေ့တာကြာပြီနော် ယောင်း......... ပြန်ဆုံတဲ့အထိမ်းအမှတ် တခုခုကိုသွားသောက်ကြမလား.......”
သူမစကားကြောင့် သူခေါင်းညိမ့်ပြလိုက်သည်...

သူမနောက်မှသူလိုက်လာခဲ့သည်.... ကားparkingရောက်တော့ chaeyoung ကားတံခါးဖွင့်လိုက်သည်... Jisooက သူ့ကားပေါ်ဝင်ထိုင်လိုက်တော့ သူက တစ်ခုခုမေးရန်ပြင်မေသဖြင့်

"သွားကြမလား sooမှာကားမပါဘူး.......”

သူဘာမှပြန်မပြောဘဲကားပေါ်သာဝင်ထိုင်လိုက်သည်....
ထို့နောက်သူမညွန်ပြသည့်ဆိုင်သို့မောင်းလိုက်သည်......

ဆိုင်ရှေ့ရောက်တော့သူမကအရင်ဆင်းသွားသဖြင့် Chaeyoung ကားparkingထိုးကာ ဆိုင်ထဲသို့ဝင်လာခဲ့သည်......

ဆိုင်ကလေးမှာ အသားကင်ဆိုင်ဖြစ်သည်...
Chaeyoung Jisooကို လိုက်ရှာကြည့်တော့ ဆိုင်၏ထောင့်ကျကျစားပွဲတွင်ထိုင်နေသော Jisooက လက်ထောင်ပြသဖြင့် ထိုနေရောသို့သူသွားလိုက်သည်...

သူထိုင်ပြီးခနအကြာ အသားစိမ်းများနှင့် Sojuပုလင်းများလာချပေးလေသည်....
Jisooက အသားစိမ်းများကို ကင်ရင်း သူ့အတွက်ထည့်ပေးနေလေသည်....

ထို့နောက် Sojuကို ထည့်ကာ...
"ပြန်ဆုံတဲ့အထိမ်းအမှတ်ယောင်း....” ဟုဆိုကာ ခွက်တိုက်ကာ မော့သောက်လိုက်သောကြောင့် Chaeyoung လည်း ထည့်ထားပေးသော sojuကို သောက်လိုက်သည်......

"Soo. .... ဘယ်တုန်းကပြန်ရောက်နေတာလဲ....” သူမေးတော့

"အင်း..... ၆လလောက်ဘဲ ရှိဦးမယ်ထင်တယ်.....ယောင်း....”

"အော်....... ”

"ငါတို့ငယ်ငယ်ကကျောင်းကပြန်ရင် တော့ပူကီအမြဲဝယ်စားကြတာလေ မှတ်မိလားယောင်း.... အားရင်အဲ့ဆိုင်ကိုထပ်သွားကြည့်ကြရအောင်....”

"အင်း......သွားကြတာပေါ့..... ”

​ရှေးဟောင်းနှောင်းဖြစ်များပြောရင်းနှင့် တစ်ခွက်ပြီးတစ်ခွက်သောက်နေမိကြသည်.....

Last SnowWhere stories live. Discover now