43

1.8K 172 12
                                    


"အာ.... ဒုက္ခ ပါဘဲ...ရပ်မကြည်နေနဲ့လေ မြန်မြန် လာ လူနာကနှလုံးမခုန်တော့ဘူး...”
ဟိန်းခနဲထွက်ပေါ်လာသည့် Chaeyoung
အော်သံကြောင့် နာစ်များအပြေးသွားကာ တွန်းလှည်းကို Operation room ထဲသို့တွန်းသွားကြလေသည်....

Chaeyoung က တွန်းလှည်းပေါ်မှ လူနာ၏ ရင်ဘက်ကို လက်နှစ်ဖက်ဖြင့် ဆက်တိုက် ဖိကာ နှလုံးပြန်ခုန်စေရန် ပြုလုပ်ရင်းပင် ပါသွားသည်...

Operation roomထဲရောက်ကာနီးတွင် လူနာမှာ နှလုံးပြန်လုန်လာသဖြင့် Chaeyoung နဖူးမှချွေးကို လက်ခုံဖြင့်သုတ်ကာ

"ကျမ Operation ဝင်မှာမလို့ ပြင်ဆင်ပေးပါ...”

"Dr. Park ကိုယ်တိုင်ခွဲစိတ်မှာလား....”

"ကျမအတွက်အရေးကြီးတဲ့လူနာဖြစ်လို့ပါ...”

ထိုအခါ nurse က ခေါင်းညိတ်ပြီး သူအတွက်ဝတ်စုံကိုပြင်ဆင်ပေးသည်
ဝတ်စုံလဲဝတ်ကာ လက်ကိုသေချာစွာဆေးကြောပြီးနောက် ခွဲခန်းထဲသို့ဝင်လာခဲ့သည်.....

ဦးခေါင်းခွံကို ဂရုတစိုက်ဖွင့်လိုက်ပြီးနောက် အလွှာပါးလေးကို ဖွင့်ကာ ခဲနေသောသွေကြောနေရာကိုရှာလိုက်သည်

ရုတ်တရက် ကား accident ဖြစ်သည့် မြင်ကွင်းများ အာရုံထဲပေါ်လာသဖြင့် Chaeyoung ခေါင်းခါလိုက်ပြီး အာရုံပြန်စိုက်ထားရသည်
Dr. Park၏ တည်ငြိမ်သော လက်များ ရုတ်တရက်တုန်ရင်လာသဖြင့် လက်ထောက်ဆရာဝန်ဖြစ်သူက သူ့အား မော့ကြည့်လိုက်သည်

နဖူးထက်တွင်ချွေးများပြန်နေသဖြင့် နာစ်တစ်ယောက်ကသုတ်ပေးလိုက်ရသည်
Dr. Park ခွဲခန်းဝင်သမျှသူလက်ထောက်လုပ်ပေးခဲ့ဖူးပါသည်
ယခုကဲ့သို့ မတည်ငြိမ်ဖြစ်နေသည့် Dr. Park ကြောင့်

"သွေးကနောက်တနေရာမှာပိတ်နေသေးတာလား....Dr. ”

"မဟုတ်ပါဘူး..... အားလုံးအဆင်ပြေပါပြီ
Dr. လက်စသက်ပေးလို့ရမလား...”

တစ်ဖက်က အလိုက်တသိ ခေါင်းညိမ့်ပြလာသဖြင့် သူအလျှင်အမြန်ပင် ကိုယ်လက်သန့်စင်ကာ ခွဲစိတ်ခန်းထဲမှ ပြေးထွက်လာခဲ့သည်.....

သူ Jennieကို Jisooလက်ထဲသို့ထည့်ကာ လူနာနှင့်လိုက်ခဲ့သဖြင့် သူမ ထိခိုက်မှုရှိမရှိကိုသေချာမကြည့်ခဲ့ရပေ....
သူမကြီးကြီးမားမားမထိခိုက်နိုင်ပေမယ့် ထိခိုက်သွားသေးလားသူမသေချာ....
ထို့ကြောင့် ခွဲခန်းထဲမှ လက်လွှဲရသည့်အခြေအနေရသည်နှင့်တပြိုင်နက်ပြေးထွက်ခဲ့ခြင်းပေ.....

Last SnowWhere stories live. Discover now